COVID-19 အတည်ပြုလူနာ Case-84 နှင့် ထိတွေ့ခဲ့သူ တစ်ဦး ၊ COVID-19 အတည်ပြုလူနာ Case-108 နှင့် ထိတွေ့ခဲ့သူ တစ်ဦး စုစုပေါင်း COVID-19 ပိုးအသစ်တွေ့သူ နှစ်ဦး ထပ်ထိုးပြီး မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၁၂၃) ဦးရှိခဲ့ကာ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၂-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၀) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန် (၁၇၈) ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦး ရှိပြီး ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပါသည်။ ဓာတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူ (၅) ဦးရှိပြီ ဖြစ်ပါသည်။ ကျန်လူနာ (၁၀၉) ဦးအား ဖော်ပြပါ ဇယားအတိုင်း သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြည့်ကုသမှုပေးလျက်ရှိပါသည်။ လူနာ (၁၀၉) ဦးအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှုပေးလျက်ရှိသူ (၃) ဦးရှိပြီး ကျန် (၁၀၆) ဦး၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (ဧပြီ ၂၂ ရက်) ပထမအသုတ် ဓာတ်ခွဲစစ်ဆေးမှု၌ တွေ့ရှိရသော လူနာသစ် (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ကြောင်း၊ ဧပြီ ၂၁ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ ဧပြီ ၂၂ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၂၁)ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
