နည်းပြပညာများကို သင်ယူနေကြောင်း အာဆင်နယ်အသင်း၏ ၀ါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို အတည်ပြု
24htopnews | November 2, 2024 1:12 PM CST
အာဆင်နယ်ဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက မိမိအနေဖြင့် နည်းပြပညာများကို သင်ယူနေကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
အသက် (၃၂)နှစ်အရွယ်ရှိ ဂျော်ဂျင်ဟိုက ၎င်းအနေဖြင့် ကနဦးတွင် နည်းပြလုပ်ရန် ဆန္ဒမရှိသော်လည်း လက်ရှိတွင် A Licence ရရှိရန် ကြိုးပမ်းနေကြောင်းလည်း ဆိုခဲ့သည်။
ဂျော်ဂျင်ဟိုသည် ကစားသမားဘဝ သက်တမ်းတစ်လျှောက် စုစုပေါင်း ၅၅၇ ပွဲ ကစားထားပြီး ၄၈ ဂိုးသွင်းယူထားကြောင်းသိရသည်။
"အစတုန်းကတော့ နည်းပြလုပ်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒါပေမဲ့ အာဆင်နယ်အသင်းက ကျွန်တော့်ကို နည်းပြပညာတွေ လေ့လာခိုင်းပါတယ်။ အခု ကျွန်တော် B Licence ရပြီးပါပြီ A Licence ရဖို့လည်း ကျွန်တော် လုပ်သွားမှာပါ"ဟု ဂျော်ဂျင်ဟိုက ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
