Top News

ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့်(၄)အတွင်း ဝင်ရမည်ဟု တောင်းဆိုမှုမရှိဟု ချယ်လ်ဆီးနည်းပြ မာရက်စကာပြောကြား
24htopnews | November 2, 2024 1:12 PM CST

 

ချယ်လ်ဆီးနည်းပြ မာရက်စကာက အသင်းတာဝန်ရှိသူများအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့်(၄)အတွင်း ဝင်ရမည်ဟု တောင်းဆိုမှုမရှိကြောင်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ခြေစွမ်းပြ နေပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၉) အပြီးတွင် ရမှတ် (၁၇)မှတ်ဖြင့် အဆင့် (၅)နေရာ၌ ရပ်တည်နေသည်။ 

သို့သော် မာရက်စကာက မိမိတို့အသင်းအနေဖြင့် အဆင့်(၄)အတွင်း ဝင်ရမည်ဟု တာဝန်ရှိသူများ၏ ဖိအားပေးခံရခြင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မာရက်စကာက "ကျွန်တော် အရင်ကပြောသလိုပါပဲ။ ကလပ်အသင်းက အဆင့် (၄) ဝင်ရမယ်လို့ တောင်းဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အသင်းတာဝန်ရှိသူတွေက အနာဂတ်စီမံကိန်းတွေကိုပဲပြောဆိုခဲ့တာပါ"ဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK