နံရိုးဒဏ်ရာကြောင့် တိုက်စစ်ကစားသမား ဂျိုတာ (၃) ပတ် အနားယူရမည်ဟု လီဗာပူးလ်နည်းပြ အာနယ်ဆလော့ အတည်ပြု
24htopnews | November 2, 2024 1:12 PM CST
လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာသည် နံရိုးဒဏ်ရာကြောင့် (၃) ပတ် အနားယူရမည်ဖြစ်ကြောင်း အသင်းနည်းပြ ဆလော့က အတည် ပြုပြောကြားခဲ့သည်။
ဂျိုတာ(၂၇ နှစ်) သည် ချယ်လ်ဆီး (၂-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ချယ်လ်ဆီးနောက်ခံလူ တိုဆန်နှင့်တိုက်မိပြီး နံရိုးဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။
ဂျိုတာသည် အဆိုပါ ဒဏ်ရာကြောင့် အာဆင်နယ်၊ ဘရိုက်တန်တို့ကစားခဲ့သည့်ပွဲများကို လွဲချော်ခဲ့သလို၊ လီဗာပူးလ်အသင်း၏နောက်ထပ်ပွဲစဉ် (၃) ပွဲကို လွဲချော်မည်ဖြစ်ကြောင်းသိရသည်။
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က တိုက်စစ်ကစားသမားဖြစ်သူ ဂျိုတာအနေဖြင့် နိုဝင်ဘာနိုင်ငံတကာပွဲစဉ်များ အပြီးမှသာ ပြန်လည်ကစားနိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
