ကန်ရေ ခမ်းခြောက်ပြီး စက်ရေတွင်း ရေမထွက်ရှိသည့်အတွက် ရေမလုံလောက်မှု ကြုံတွေ့နေသည့် ရေစကြိုမြို့နယ် ကျောက်ထပ်ကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များက ဧပြီ၂၂ ရက်တွင် သောက်သုံးရေ လှူဒါန်းပေးခဲ့သည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကာလ ဖြစ်သည့်အတွက် ရေလှူဒါန်းရာတွင် လူစုလူဝေး မဖြစ်စေရန် ကျေးရွာရေလှောင်ကန်မှတဆင့် ရေပိုက်လိုင်းဖြင့် အိမ်အရောက် ဆောင်ရွက်ပေးခဲ့သည်။
“ ရေက သင်္ကြန်မတိုင်ခင်ကတည်းက ခက်ခဲနေတာ။ အခုလို လာလှူတဲ့ရေကို မျှတသုံးစွဲပြီး နေရတယ်။ ရေတွင်းတွေက ရေလုံးဝ မထွက်တော့ဘူး။ စိမ့်ရေလည်း မရတော့ဘူး။ တစ်အိမ်မှ တစ်နေ့ကို ရေပုံး ၂၀ ပဲ ဝေနိုင်တယ်။ သောက်ရေရော သုံးရေရောနဲ့ ချက်ပြုတ်ဖို့ နွားကျွေးဖို့ မလုံလောက်တော့ဘူး။ အတော်ကို ခက်ခဲနေတာ။ ခုလို ရေလာလှူတဲ့ဟာကို မျှတပြီး သုံးစွဲနေရတာ။ မိုးမရွာမချင်းကတော့ ရေက ခက်ခဲနေဦးမှာပဲ။ နောက်ရက်တွေ ဆက်လှူပေးဖို့ တောင်းဆိုပါတယ်” ဟု ကျောက်ဆောက်ရွာမှ ဦးဖိုးဝိုင်းက ပြောကြားသည်။
၂၀၁၉ ခုနှစ် မိုးကာလတွင် မိုးရရှိမှု နည်းပါးခဲ့သည့်အတွက် မြေသားကန်မှာ ရေဝင်ရောက်မှု နည်းပါးခြင်းကြောင့် ရေစောလျင်စွာ ခမ်းခြောက်သွားခြင်းဖြစ်ပြီး ယခုနှစ် အစောပိုင်းမှာပင် ရေမလုံလောက်မှု စတင်ကြုံတွေ့လာခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ ရွာအနေနဲ့တော့ မဆလခေတ်ကတည်းက ရေတွင်းတူးတယ်။ ပေ ၁၀၀၀ လောက်ထိ တူးတယ်။ ရေကောင်း မရဘူး။ တူးသမျှ ရေငန်ပဲ ထွက်တယ်။ သောက်မဖြစ်သုံးမဖြစ်။ အဲဒါကြောင့် ဘေးနားက ဇီးတောရွာမှာ ရေတွင်းတူးပြီး အဲဒီကနေ တစ်ဆင့်ရွာကို ပို့ပြီး သုံးရတယ်။ အဲဒီတွင်းကလည်း ရေက အလုံအလောက်မထွက်တော့ တစ်ရက်ခြားပေးရတယ်။ ခုဆိုရေကို ခွဲတမ်းနဲ့ ပေးနေရတယ်” ဟု ဦးဖိုးဝိုင်းက ပြောကြားသည်။
မိုးခေါင်မှုကြောင့် သောက်သုံးရေ မလုံလောက်မှု ကြုံတွေ့နေသည့် ရေစကြိုမြို့နယ် ကျောက်ထပ်ကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်းရေလှူဒါန်းမှုကြောင့် တစ်အိမ်ထောင်လျှင် ရေဂါလံ ၄၀ ခန့်ထိ ရရှိခဲ့ကြောင်း သိရသည်။
ပခုက္ကူခရိုင်တွင်း ကျေးရွာအချို့တွင် ယခင်နှစ် မိုးရေရရှိမှု နည်းပါးသည့်အတွက် ကန်ရေ ဆောလျင်စွာ ခမ်းခြောက်ခြင်း၊ ရာသီဥတုပူပြင်းမှုကြောင့် ရေအသုံး မြင့်တက်လာခြင်းများကြောင့် ရေလိုအပ်ချက် များပြားလာပြီး ကျေးရွာအချို့မှာ စက်ရေတွင်း ချို့ယွင်းမှုကြောင့် ရေမလုံလောက်မှု စတင်ကြုံတွေ့လာသည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ စက်ရေတွင်း လိုအပ်နေသည့် မြိုင်မြို့နယ် လက်ခုပ်ပင်ကျေးရွာတွင် စက်ရေတွင်းသစ် တူးဖော်ပေးခဲ့ပြီး ရေအနက် ပေ ၄၄၀ တွင် တစ်နာရီ ရေချိုဂါလံ ၁၃၀၀ ခန့် ထုတ်ယူ သုံးစွဲနိုင်ခဲ့သည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပ့ံပိုးသည့် ရေသယ်ယာဉ် နှစ်စင်းဖြင့် ရေလိုအပ်သည့် ကျေးရွာများအား ယခုနှစ်အစောပိုင်းမှာပင် ရေဂါလံ ငါးသိန်းခန့် လှူဒါန်းပေးထားသည်။
အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ Eleven Media Group သို့ ဂါလံ ၃၀၀၀ ဆန့် ရေသယ်ယာဉ် တစ်စင်းအား ၂၀၁၉ ခုနှစ်တွင် ထပ်မံ ပံ့ပိုးပေးသည့်အတွက် ရေသယ်ယာဉ် နှစ်စီးဖြင့် ရေလှူဒါန်းမှု ပြုလုပ်ခဲ့ပြီး လေးနှစ်အတွင်း ရေဂါလံ ၁၅ သန်းကျော် လှူဒါန်းပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
