ဖားကန့် မြေပြိုကျမှုတွင် မိုးလေဝသ အခြေအနေကြောင့် ပျောက်ဆုံးသူများကို ရှာဖွေရန် ခက်ခဲနေကြောင်း ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် တောင်ပြိုမှော်အနီးတွင် ဧပြီ ၂၀ ရက် နံနက် ၅ နာရီကျော်တွင် အမြင့်ပေ ၃၀၀ ခန့်မှ ပေ ၁ဝဝခန့် အကျယ် မြေပြိုကျရာ အမျိုးသားနှစ်ဦး အလောင်းကို တူးဖော်ရရှိထားပြီး ကျန်အမျိုးသား သုံးဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
တောင်ပြိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက “ ပျောက်ဆုံးတဲ့ ဆွေမျိုးတွေက ဒီမှာရောက်နေပါပြီ။ မိုးရွာလာတော့ အပေါ်မှာလည်း မြေသားအက်ကြောင်းတွေ လိုက်လာတော့ ရှာဖွေရတာ အန္တရာယ်ရှိလာတယ်။ ဧပြီ ၂၂ ရက်နေ့မှာတော့ နေ့လည် ၁ နာရီကျော်မှ စရှာနိုင်တယ်။ မနက်ဖြန် ထပ်ရှာပြီးရင်တော့ နားပါပြီ။ မောက်တုံး (ကျောက်လွှာအမာခဲ) ကြီးတွေ အိမ်တစ်လုံးစာလောက် ရှိတော့ ရှာရတာ မလွယ်ဘူး။ ပျောက်နေတဲ့ သုံးဦးစလုံး မရသေးဘူး” ဟု ပြောကြားသည်။
တူးဖော်ရရှိထားသည့် အမျိုးသားနှစ်ဦး မှာ ၃၅ နှစ်အရွယ်ရှိ ဦးလှကိုမင်း မကွေးတိုင်း၊ စကုမြို့ပေါင်ရွာနှင့် ကျန်တစ်ဦးမှာ ၂၅ အရွယ်ရှိ မောင်မျိုးကိုမှာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် အင်ကြင်းတောင်ရွာမှ ဖြစ်ကြောင်း သိရသည်။
ကျန်ပျောက်ဆုံးသူ သုံးဦးမှာ ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတော်ရပ်ကွက်မှ ၂၇ အရွယ်ရှိ မောင်ဇင်ကိုဦး၊ စစ်ကိုင်းတိုင်းဒေသကြီးဖောင်းပြင်မြို့ တံငါရွာမှ ၅၂ နှစ်အရွယ်ရှိ ဦးဝင်းကြိုင် ၊ ကချင်ပြည်နယ်၊ တနိုင်းမြို့မှ ၄၂ နှစ်အရွယ် ဦးလွန်းခေါင်တို့ သုံးဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်အတွင်း ဖားကန့်ဒေသတွင် မြေပြိုကျမှု ၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၉၃ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖားကန့်တွင် မြေပြိုမှုမှာ နေရာအနှံ့ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီတွင် မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ၊ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် အမြဲရှိနေပြီး ကျောက်စိမ်းလုပ်ကွက်များတွင် တရားမဝင် တနိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်း စသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
