ဧပြီ ၂၄ ရက်တွင် ပြန်လည် ဖွင့်လှစ်မည့် ယုဇနပလာဇာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာမှုရှိ မရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုက်နာမှုရှိ မရှိကို သက်ဆိုင်ရာဌာနသို့ တင်ပြသွားမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
ယုဇနာပလာဇာ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များကို အတိအကျ လိုက်နာရန် လိုအပ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် စျေးကော်မတီမှ စီစဉ်ဆောင်ရွက်မှု အသေးစိတ် အချက်အလက်များကို မသိရသေးကြောင်း ဦးလှဌေးက ပြောကြားသည်။
“စျေးသူစျေးသားတွေကလည်း လူအမျိုးမျိုးရှိတယ်။ တချို့ကျတော့ ဆိုင်တွေ ပြန်ဖွင့်ချင်တယ်။ တချို့ကျတော့လည်း ပြန်မဖွင့်ချင်ကြဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လုပ်ငန်းရှင်တွေအနေနဲ့က လုပ်သင့် လုပ်ထိုက်တာက ဘာလဲဆိုတာကို ဆင်ခြင်တုံတရားနဲ့ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာက ပလာဇာတွေအနေနဲ့ ဖွင့်မယ်၊ လူတွေ ထိတွေ့မှုတွေ များနေမယ်ဆိုရင် ရောဂါကူးစက်ဖို့ အခွင့်အလမ်းတွေက များနေမှာပါ”ဟု ဦးလှဌေးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာမ ှုမရှိပါက သက်ဆိုင်ရာဌာနသို့ တင်ပြပေးသွားမည်ဖြစ်ပြီး အရေးယူဆောင်ရွက်မှုကို သက်ဆိုင်ရာဌာနများမှ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စျေးဝယ်စင်တာများကို ဆေးဆိုင်နှင့် အခြေခံ စားသောက်ကုန်များကိုသာ ဖွင့်လှစ်ရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် မင်္ဂလာစျေး အပါအဝင် စျေးဝယ်စင်တာအချို့တွင် ဆေးဆိုင်အနည်းငယ်သာ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆောင်ရွက်မှုမှာ ဧပြီ ၃၀ ရက်အထိသာ ဖြစ်သောကြောင့် ဧပြီ ၃၀ ရက်နောက်ပိုင်းတွင် ဆိုင်များအားလုံးကို ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည့် အခြေအနေရှိသည်ဟု သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စျေးဝယ်စင်တာများကို ယာယီပိတ်သိမ်းရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက မတ်လ ၃၁ ရက်မှ စတင်၍ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
