တနသာင်္ရီတိုင်းဒေသကြီးအတွင်း နာရေးနှင့် ကျန်းမာရေးကိစ္စမှအပ ခရီးသွားလာလိုပါက မိမိနေရပ်အုပ်ချုပ်ရေးမှူးရုံးမှ ခရီးသွားလာမှု ထောက်ခံချက်ပုံစံကို ထုတ်ယူရန်နှင့် မိမိဒေသသို့ ပြန်လည်ရောက်ရှိလာပါက မိမိတို့၏ နေရပ်အုပ်ချုပ်ရေးမှူးသို့ ပြန်လည်အပ်နှံရန်အပါအဝင် အချက်ရှစ်ချက်ပါ အမိန့်စာတစ်စောင်ကို တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ယနေ့ (ဧပြီ ၂၂ ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အမိန့်စာတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်း အများပြည်သူများမှ နေအိမ်ပြင်ပ သွားလာရာတွင် Mask များ စနစ်တကျတပ်ဆင်သွားလာရန်နှင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများ၊ တိုင်းဒေသကြီး ပြင်ပရောဂါပိုးတွေ့ရှိမှုများသည့် ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိသူများဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် Community Based Facility Quarantine ၂၁ရက်နှင့်Home Quarantine ခုနစ်ရက် ဆောင်ရွက်ရန်၊ မဖြစ်မနေခရီးသွားလာရာ၌ ကိုယ်ပိုင်ယာဉ်များတွင် လူ လေးဦးထက်ပို၍ စီးနင်းခြင်းမပြုရန် ဖော်ပြပါရှိသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ တာဝန်ဖြင့် ခရီးသွားလာခြင်းမှအပ အခြားကိစ္စဖြင့် ခရီးသွားခြင်းမပြုရန်လည်း ယင်းအမိန့်စာတွင် ပါဝင်သည်။
ထို့အတူ ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်မှ စားသုံးကုန်၊ ဆေးဝါးများနှင့် စက်သုံးဆီ တင်ဆောင်လာသောယာဉ်များမှအပ အခြားကုန်တင်ယာဉ်များအား တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့်သာ ဖြတ်သန်းခွင့်ပြုရန် အချက်လည်းပါဝင်ခဲ့ပြီး အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်အထိ အတည်ဖြစ်ကြောင်း တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌကိုယ်စား အတွင်းရေးမှူးဖြစ်သူ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် COVID-19 ရောဂါပြန့်နှံ့မှုမရှိစေရန် တိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင် သုံးခုမှ မြို့နယ် ၁၀ မြို့နယ်စလုံးတွင် ဧပြီ ၁၈ ရက်မှစ၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ တာဝန်ရှိသူများနှင့် စိုးရိမ်ဖွယ်ရာ ကျန်းမာရေးကိစ္စမှလွဲ၍ မည်သူမဆို အမိန့်တစ်စုံတစ်ရာ မရရှိဘဲ သွားလာလှုပ်ရှားခြင်း၊ နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းများကို မပြုလုပ်ကြရန်နှင့် တားမြစ်ချက်ကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
