မွန်ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ အခြေခံစားသောက်ကုန်နှင့် နေ့စဉ် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့် စျေးဆိုင်များမှအပ ကျန်ပစ္စည်းများ ရောင်းချသည့် စျေးများနှင့် စျေးဆိုင်များအား ဧပြီ ၃၀ ရက်အထိ စျေးရောင်းချခြင်း မရပြုရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးထံမှ သိရသည်။
“စည်ပင်သာယာစျေးတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ သားငါး၊ ဟင်းသီးဟင်းရွက်စတဲ့ အခြေခံစားသောက်ကုန်တွေ၊ နေ့စဉ် လူသုံးကုန်တွေ ရောင်းချတဲ့ ဆိုင်တွေကိုတော့ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ စည်ပင်သာယာစျေးတွေမှာ မြို့နယ်ထွေ/အုပ်ရယ်၊ စည်ပင်သာယာရေးအဖွဲ့ရယ်၊ မြို့မိမြို့ဖတွေရယ်၊ စျေးသူစျေးသားတွေရယ် ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဖွင့်လှစ်ရောင်းချသွားဖို့နဲ့ တခြားပစ္စည်းအရောင်းတွေကိုတော့ ဧပြီ ၃၀ ရက်အထိကို စျေးရောင်းချခြင်း မပြုလုပ်ကြဖို့ ကျွန်တော်တို ့ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ညွှန်ကြားထားတာ ရှိပါတယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “နောက်ပြီးတော့ မြို့တွေမှာရှိတဲ့ စည်ပင်သာယာစျေးတွေ၊ ပျံကျစျေးတွေမှာ စျေးရောင်းသူရော၊ စျေးဝယ်သူပါ လုံလောက်တဲ့ ကျန်းမာရေးအကာအကွယ် ပါရမယ်။ နောက်ပြီးတော့ စျေးရောင်းချတဲ့ နေရာထိုင်ခင်းစနစ်ကလည်း သတ်မှတ်ထားတဲ့ အကွာအဝေးရှိစေဖို့၊ အရိပ်ရဖို့အတွက် ထီးတို့ အမိုးတို့ ထားရှိရမယ့်ပုံစံတွေကိုလည်း လူစုလူဝေးပုံစံ မဖြစ်ရလေအောင် စည်ပင်သာယာရေးအဖွဲ့တွေက ကြပ်မတ်ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတာလည်း ရှိပါတယ်”ဟု ပြောကြားသည်။
အဝတ်အထည်များ၊ အလှကုန်များ အစရှိသောပစ္စည်းများ ရောင်းချသော စျေးများ၊ စျေးဆိုင်များ ပိတ်သိမ်းထားသည့်ကိစ္စနှင့် ပတ်သက်ပြီး လတ်တလောတွင် ဧပြီ ၃၀ ရက်အထိ ပိတ်သိမ်းထားရန် ညွှန်ကြားထားကြောင်း၊ လိုအပ်လာပါကလည်း စျေးပိတ်ကာလအား ထပ်မံတိုးမြှင့်သင့်ပါက ထပ်မံတိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ အကယ်၍များ စျေးပိတ်ချိန် လုံလောက်တယ်ဆိုပါကလည်း ဧပြီ ၃၀ ရက် ပြီးပါက ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် ယင်းကိစ္စနှင့် ပတ်သက်၍လည်း ညွှန်ကြားချက်များ ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဦးမြင့်သန်းဝင်းက ဆက်လက် ပြောကြားသည်။
“အစိုးရအဖွဲ့က ညွှန်ကြားချက်အတိုင်းပဲ လိုက်နာဆောင်ရွက်ကြဖို့ မြို့နယ်အားလုံးမှာရှိတဲ့ စျေးအားလုံးကို ထပ်ဆင့် ညွှန်ကြားထားပေးပါတယ်။ မော်လမြိုင်မြို့မှာဆိုရင် အမှတ် (၁) စျေးနဲ့ မြိုင်ရတနာစျေးကတော့ ဧပြီ ၃၀ ရက်အထိကို ပိတ်ချင်ပါတယ် ဆိုပြီးတော့ စျေးသူစျေးသားတွေက ဆန္ဒပြန်ပြုတာမျိုး ရှိပါတယ်။ ကျွန်တော်တို့က ကန့်သတ်ပေးလိုက်တာက စားသောက်ကုန်နဲ့ နေ့စဉ်မဖြစ်မနေ အသုံးပြုရမယ့် လူသုံးကုန်ပစ္စည်းတွေက လွဲပြီးတော့ ကျန်တဲ့အရေးမကြီးတဲ့ အဝတ်အထည်တို့၊ အလှကုန်တို့၊ ရွှေဆိုင်တို့ကို ပိတ်သိမ်းဖို့ ညွှန်ကြားချက်က ထွက်ရှိပေးထားပြီး ဖြစ်ပါတယ်။ မော်လမြိုင်အမှတ် (၂) စျေး က စားသောက်ကုန်တွေရောင်းတဲ့ ကုန်စိမ်းစျေး ဖြစ်တဲ့အတွက် ဖွင့်လှစ်ရောင်းချခွင့် ပြုထားပါတယ်။ အကယ်၍ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး စျေးရောင်းချခဲ့မယ်ဆိုရင် ဆိုင်ခန်းကို ပိတ်သိမ်းသည်အထိ အရေးယူသွားမယ် ဆိုတဲ့အကြောင်းလည်း အသိပေးထားပြီး ဖြစ်ပါတယ်”ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “မော်လမြိုင်မြို့မှာ ကုန်စိမ်းနဲ့ သားငါးစျေးတွေက တချို့လည်း အဆင်ပြေတယ်။ တချို့စျေးတွေကျတော့လည်း နေရာနည်းနည်းကျဉ်းတော့ ချဲ့ဖို့ကလည်း နေရာမရှိတော့ အခက်အခဲတော့ နည်းနည်းဖြစ်ပါတယ်။ ဒါပေမဲ့ စျေးရောင်းချတဲ့သူတွေ၊ စျေးလာဝယ်ကြမယ့်သူတွေကို Mask တပ်ကြဖို့ တိုက်တွန်း ပေးထားပါတယ်။ တစ်ပြည်နယ်လုံးမှာဆိုရင်လည်း ချဲ့ထုတ်လို့ရတဲ့ စျေးတွေအားလုံး လိုက်ပြီးချဲ့ထုတ် ပေးနေပါတယ်”ဟု ပြောကြားသည်။
အဆိုပါ မွန်ပြည်နယ်အတွင်းရှိ ကုန်စိမ်းနှင့် သားငါးစျေးများအတွင်း စျေးရောင်းချသူများ၊ စျေးလာဝယ်ကြသူများအား COVID-19 ကူးစက်ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အလှူရှင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက နေ့စဉ် Surgical Mask များ ဝေငှခြင်း၊ စျေးလျှော့ရောင်းချပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
