ဘိုကလေးမြို့တွင် ဧပြီ ၂၁ရက် ည၈နာရီခန့်က COVID-19 ရောဂါကာကွယ်ရေးအတွက် မြို့အဝင် နတ်ချောင်းတံတားပေါ်တွင် စစ်ရေးများလုပ်ဆောင်သည့် ပူးပေါင်းအဖွဲ့အား ရန်ပြုဆဲဆိုခဲ့သည့် သူနာပြုဆရာမဟောင်းဟုဆိုသူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် ယနေ့(ဧပြီ ၂၂ရက်)တွင် တရားစွဲဆိုခဲ့ပြီး မြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဘိုကလေးမြို့ နတ်ချောင်းတံတားပေါ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့်ညွှ့န်ကြားချက်များအရ မြို့အဝင် ခရီးသွားများအား ခရီးသွားရာဇဝင် စစ်ဆေးနေသည့် အဖွဲ့ထံသို့ ရန်ကုန်မြို့နေ ဒေါ်.....နှင့် ၎င်း၏ မောင်ဖြစ်သူ ဦး....တို့မှာ ဆိုင်ကယ်ကယ်ရီတစ်စင်းနှင့်အတူ ရောက်ရှိလာကြောင်း၊ ပူးပေါင်းအဖွဲ့မှ ၎င်းတို့အား စစ်ဆေးရာတွင် ခရီးသွားထောက်ခံစာများ မပါရှိသည့်အပြင် ဒေါ်ခင်မာဦးက ၎င်းသည်ဝေဘာဂီဆေးရုံတွင် သူနာပြုဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး COVID-19 ရောဂါများကြောင့် အလုပ်မှထွက်ခဲ့သူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း ပြောကြားသဖြင့် ပူးပေါင်းအဖွဲ့မှ မြို့အတွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ Community Based Facility Quarantine နေရာတွင် ၂၁ ရက်ကြာ နေထိုင်ပေးရန် ပြောကြားခဲ့ကြောင်းသိရသည်။
ထိုသို့ ပြောကြားမှုကို ဒေါ် .....သည် လက်မခံဘဲ ပူးပေါင်းအဖွဲ့အား ဆဲဆိုခြင်း၊ Volunteer လူငယ်များ လက်ချင်းချိတ်ကာ တားထားသည့်ကြားမှ မြို့တွင်းသို့ပြေးဝင်ခြင်း၊ Volunteer လူငယ်များအား ပါးရိုက်ရန်ပြုခြင်းများပါ ပြုလုပ်ခဲ့သောကြောင့် မြို့နယ်ကျန်းမာရေးမှူး ဦးအေးသောင်းက တရားလိုပြုလုပ်ကာ ဘိုကလေးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ ဒီအမိန့်တွေအတိုင်းပေါ့။ မြို့ဝင်မြို့ထွက်တွေမှာ ထောက်ခံစာတွေစစ်တယ် ခရီးသွားရာဇဝင်တွေသိချင်လို့ ဘယ်သူက ဘယ်ကနေ ဘယ်ကိုသွားတယ်ဆိုတာကို သိချင်လို့၊ စစ်တော့ ရဲအစောင့် အရှောက်လဲပါတယ်ပေါ့။ မနေ့ည(ဧပြီ ၂၁ ရက်) နတ်ချောင်းဂိတ်ပေါ့။ မြို့ရဲ့ အရှေ့ဖက်ကမ်း ချောင်းဂ်ိတ်မှာ စစ်တယ်။ အဲအချိန်အဲဒီအမျိုးသမီးကို စစ်တော့ သူက ဝေဘာဂီဆေးရုံကလာတာတဲ့ သူနာပြုဆရာမလို့ပြောတယ်။ နောက် သူကတောင်ဥက္ကလာပမှာ နေတယ်ပြောတော့၊ အမျိုးသမီးက ဒလကနေ ဆိုင်ကယ်ကယ်ရီနဲ့လာတာ အမျိုးသမီးနဲ့အတူ သူ့မောင်ဆိုတာပါတယ်။ အမျိုးသမီးနာမည်က ဒေါ် ..... ၊ ဦး...... က တားနေရက်နဲ့ မြို့ထဲသွားပြီး ကွမ်းယာသွားဝယ်ဦးမယ်ဆိုပြီးထွက်တယ်။ ဦး.... က ပြန်လာတော့ အစ်ကိုတို့က ရှင်းပြတယ်။ ထောက်ခံစာလဲမေးတော့ မပါဘူး။ သူနာပြုလဲဖြစ်နေတယ်ဆိုတော့ သွားခွင့်မပေးဘူး ပြောတော့ သူက သူနာပြုပေမဲ့ ဒီရောဂါတွေကြောင့် အလုပ်က ထွက်ပစ်လိုက်တာလို့ပြောတယ်။ သူသွားမယ့်ရွာကို မေးတော့လဲ ဒီအမျိုးသမီးကို လက်မခံနိုင်ကြောင်း ရွာမှာနေတော့မဟုတ်ကြောင်းပြောတယ်၊ အဲတော့ တားထားတာကို ကျွန်တော်တို့ တားမြစ်နေတဲ့ ရဲတပ်ဖွဲ့ရော၊ Volunteerလူငယ်တွေရော အကုန်လုံးကို ဆဲဆိုပြီး သောင်းကျန်းတယ်။ တားရဲတားကြည့်ဆိုတာကို မကြားဝံ့မနာတွေရော ပြောပြီး Volunteer လုပ်နေတဲ့ ကိုကျော်သူဆိုတဲ့ ကျောင်းဆရာတစ်ဦးကို ပါးရိုက်တယ်။ ကျန်တဲ့သူတွေကိုလဲ လိုက်ရိုက်တယ်၊ Volunteer လူငယ်တွေက လက်တွဲပြီးတားထားတာကို မြို့ထဲပြေးပြေးဝင်တယ်။ ငါသွားရာနောက် ဆေးလိုက်ဖျန်းဆိုပြီး ပြောတယ်။ အဲဒါနဲ့ ညကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အပ်လိုက်ပြီး မနက်ကျတော့ ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး ဥပဒေအရ တရားစွဲဖို့လုပ်ရတယ်။တရားရုံးရောက်တော့ ကောင်လေးက ဝန်ခံတယ်။ သူက ပထမဝန်မခံဘူး။ သက်သေတွေက ထွက်ဆိုပြီးတော့မှ ဝန်ခံတော့ ထောင်ဒဏ် သုံးလချလိုက်တယ်။ တရားရုံးရောက်တော့ သူက ဝေဘာဂီဆေးရုံက သူနာပြုပါလို့ မပြောတော့ဘူး။ မြောက်ဥက္ကလာဆေးရုံက သူနာပြုဟောင်းလို့ ပြောင်းပြောတယ်” ဟု အဆိုပါဖြစ်စဉ်အား ဖြေရှင်းဆောင်ရွက်ပေးခဲ့သူ တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးစန်းလွင်က ပြောသည်။
အဆိုပါ အမျိုးသမီးနှင့် ၄င်း၏ မောင်ဖြစ်သူအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ဖျာပုံအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
