ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယုမြို့၊ ဒေါင်နေကျေးရွာ၌ ရှမ်းရိုးရာဓလေ့ ကထိန်ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ (၅)ရက်နေ့မှ (၇)ရက်ထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးများ မရှိစေရန်အတွက် ရည်မှန်း၍ တစ်နှစ်လျှင် တစ်ရွာစီဖြင့် အလှည့်ကျကျင်းပလေ့ရှိသည့် ရိုးရာဓလေ့ဆင်ဆွဲ အလှူပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆင်ဆွဲအလှူပွဲတော်ကို တစ်နှစ်လျှင် တစ်ရွာစီဖြင့် ကျရာရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားတို့က အစုအဖွဲ့လိုက် ဆင်ရုပ်၊ မြင်းရုပ်များ ကြိုတင်ပြင်ဆင်ပြုလုပ်ထားကြပြီး အလှူပွဲကျင်းပသည့် နေ့ရက်၌ ယင်းအရုပ်များပေါ်တွင် မိမိတို့ စိတ်စေတနာသဒ္ဒါတရား ထက်သန်သည့် အပေါ် လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့် ဝတ္ထုငွေများကို စုပေါင်းလှူဒါန်းထားကြောင်း လှူဖွယ်ဝတ္ထုပစ္စည်းများ ဆင်ယင်ထားသည့် ဆင်ရုပ်၊ မြင်းရုပ်များကို ရွာအတွင်း လှည့်လည်ကာ ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆက်ကပ်လှူဒါန်းနည်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပွဲတော်ကျင်းပသည့် နေ့ရက်များ၌ ရှမ်းတိုင်းရင်းသူများက ရိုးရာလမ်းမုန်း အကများ၊စတုဒီသာများကျွေးမွေ့မည့်အပြင်ညဘက်တွင် အိုးစည်ဗုံမောင်းများ၊ ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
