သဘာဝဘေးဖြစ်စဉ်၌ ထိခိုက်မှုများခဲ့သည့် ကလောအနီး ဆင်တောင်ဒေသ၌ ဒေသခံများသည် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများပြန်လည်ထူထောင်နိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
ဆင်တောင်ဒေသသည် သာစည်မြို့နယ်အပိုင်ထဲတွင်ရှိသော်လည်း သာစည်နှင့် မိုင်(၇၀)ကျော်ဝေးသည့် အစွန်အဖျားနေရာတွင်တည်ရှိပြီး ကလောနှင့်(၁၃)မိုင်အကွာတွင်ရှိကြောင်း သိရသည်။
"ပြီးခဲ့တဲ့ သဘာဝဘေးမှာ မိုးက တောက်လျှောက်ရွာပြီးနောက် နွံတွေအလုံးအရင်းနဲ့ဆင်းလာတယ်။ နွံတွေ ၊ သစ်ပင်တွေကျလာတာပေါ့။ ကျွန်တော်တို့ ရွာကလည်း တောင်စောင်းမှာ။ စိုက်ခင်းတွေကလည်း တောင်စောင်းမှာပဲစိုက်ကြတာ။ အဲတော့ အကုန်ပျက်စီးကုန်တာပေါ့။ နွံပြင်ကြီးကို ဖြစ်သွားတာ။ သံဖိနပ်ခံထားတဲ့ ပျဉ်ထောင်ပျဉ်ခင်းအိမ်တွေလည်း အကုန်ကျွတ်ထွက်ပြီး တောင်စောင်းကနေ ဒလိမ့်ကောက်ကွေးနဲ့ နွံတွေနဲ့ပါသွားတာ။ ပျက်စီးဆုံးရှုံးမှုတွေများခဲ့တယ်။တစ်သက်လုံး တစ်ကြိမ်မှအဲလိုမကြုံဖူးဘူး။ ကျွန်တော်တို့ရွာသားတွေ အဓိကနေကြတဲ့တောထဲရော ရွာထဲရောဆို အိမ်ခြေ (၂၆၂)လုံးလောက် ထိခိုက်ပျက်စီးခဲ့တယ်။ တချို့လူတွေကိုလည်း နွံထဲကနေ မနည်းကယ်ထုတ်ခဲ့ရတယ်။ နွံတွေ ကျလာတော့ လမ်းပိတ်သွားတယ်။ ဖုန်းလိုင်းကအစအဆက်အသွယ်မရဘူး။တောင်စောင်းမှာလည်း ပက်ကြားအက်လာတော့ ပြိုကျမှာကြောက်တာနဲ့ ဘုန်းကြီးကျောင်းမှာ စုနေခဲ့ကြရတယ်။ ရှိတာမျှစားကြရတာပေါ့။ အတော်နဲ့အကူအညီမရဘူး။ နောက်ပိုင်းမှ ဗွက်နွံထဲကို မြောတုံးတွေချ၊ ပျဉ်ပြားခင်း ဆိုင်ကယ်ရအောင်မောင်းပြီးမှ အကူအညီအဆက်အသွယ်ရအောင် ကြိုးပမ်းခဲ့ရတာ"ဟု သဘာဝဘေးကြုံခဲ့စဉ်အခြေအနေနှင့်ပတ်သက်၍ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။
ဒေသခံများ၏တောင်ယာလုပ်ငန်းများပြန်လည်ထူထောင်နိုင်ရန် အခက်အခဲရှိနေမှုနှင့်ပတ်သက်၍ "တောင်ယာလုပ်ငန်းပြန်လည်ထူထောင်နိုင်မှ ဒေသခံတွေ ဘဝရပ်တည်ရေးပြန်အဆင်ပြေမှာ။ လက်ရှိက အလုပ်ပြန်မစနိုင်ကြသေးဘူး။ကျွန်တော်တို့ဆီမှာက ရွှေ့ပြောင်းတောင်ယာနနွင်းစိုက်ကြတယ်။ နှစ်နှစ်စောင့်ပြီးမှ တစ်ကြိမ်ပဲပေါ်တာ။ သဘာဝဘေးဖြစ်တော့ စိုက်ထားတာတွေအကုန်ပျက်စီးကုန်တယ်။ ဘာမှမကျန်တော့ဘူး။ စိုက်ထားတာတွေအကုန် နွံတွေထဲပါသွားတာ။ ကျောက်နည်းတဲ့မြေရှာပြီး တောင်ယာမြေနေရာရဖို့လုပ်ရဦးမယ်။ ကျွန်တော်တို့ဆီက နနွင်းက ဈေးကွက်ရတယ်။ ပွဲစားကြီးတွေက အရင်ကတော့ ကျွန်တော်တို့ဆီမှာနနွင်းတွေရှိနေတုန်းကတော့ သိမ်း ၅၀ ယူမလား ၁၀၀ ယူမလား မငြင်းဘူး။ ဆန်အိတ်တွေဆိုလည်း ကျွန်တော်တို့က ၆ လတန်သည် တစ်နှစ်တန်သည်အတွက်ကြိုပြင်ထားကြတာ။ နွံနစ်ကုန်တော့ အခုဘာမှလုပ်မရဘူး။ အကြွေးယူထားကြရတာလေ။ ပြန်ပေးစရာမရှိတော့ နောက်ထပ်ထုတ်ပေးဖို့လည်း စဉ်းစားမှာမဟုတ်ဘူး။ စိုက်ပျိုးရေးပြန်လည်ထူထောင်နိုင်ဖို့ အကူအညီတွေလိုပါတယ်"ဟု ဒေသခံဦးကြည်ဝင်း က ပြောကြားသည်။
လက်ရှိတွင် အဆိုပါဒေသခံများမှာ လှူဒါန်းမှုအကူအညီလက်ကျန်ဖြင့်သာ မှီခိုရပ်တည်နေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
