ချယ်လ်ဆီးဂန္ထဝင် ဟက်ဆယ်ဘိန့်ခ်က မန်စီးတီးအသင်းသည် အရင်ရာသီများကလို မကောင်းတော့ဘဲ ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးလ် သို့မဟုတ် အာဆင်နယ်အသင်း ရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
နာမည်ကျော်နည်းပြ ဂွါဒီယိုလာ ကိုင်တွယ်နေသည့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံးလေးရာသီဆက်တိုက် စံချိန်တင်ဗိုလ်စွဲခဲ့ပြီး ယခုရာသီတွင်လည်း ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေသည်။ သို့သော် ချယ်လ်ဆီး ဂန္ထဝင် ဟက်ဆယ်ဘိန့်ခ်က မန်စီးတီးအသင်းမှာ ယခင်ရာသီများကဲ့သို့ ကောင်းမွန်ခြင်း မရှိတော့ဘဲ တိုက်စစ်မှူး ဟာလန်းမှာလည်း ပြိုင်ဘက်များကို Press လိုက်လုပ်ခြင်း မရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟက်ဆယ်ဘိန့်ခ် က "ကျွန်တော်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ် သို့မဟုတ် အာဆင်နယ်အသင်းကပဲ ရမယ်လို့ ထင်ပါတယ်။ မန်စီးတီးအသင်းကို ကြည့်ရတာ အရင်ရာသီတွေတုန်းကလို မကောင်းတော့ဘူးလို့ ထင်ပါတယ်။ ဖူလ်ဟမ်နဲ့ကစားခဲ့တဲ့ပွဲမှာဆိုရင် မန်စီးတီးအသင်း ရုန်းကန်နေရတာကို ကြည့်ပြီး အတော်လေး အံ့အားသင့်ခဲ့ရတာပါ။ အဲဒီပွဲမှာ ဖူလ်ဟမ်အသင်း ကစားတာ အတော်လေးကိုကောင်းခဲ့ပါတယ်။ အရင်တုန်းက မန်စီးတီးအသင်းက ဘောလုံးဆုံးရှုံးသွားပြီဆိုရင် ချက်ချင်း ပြန်ရအောင် လုပ်လေ့ရှိပြီး ပြိုင်ဘက်ကို ဘောလုံးကိုင်ကစားခိုင်းတာမျိုး မရှိပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အဲဒီလို သိပ်မတွေ့ရတော့ပါဘူး။ ဟာလန်းဆိုရင် ပြိုင်ဘက်ကို Press လိုက်လုပ်တာမျိုး သိပ်မတွေ့ရပါဘူး။ မန်စီးတီးအသင်းအနေနဲ့ အရင်တုန်းကလောက် မကောင်းတော့ဘူးလို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် အသင်း၏အဓိကကွင်းလယ်ကစားသမားဖြစ်သူ ရိုဒရီအား ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ယခုရာသီကုန်အထိ ဆုံးရှုံးထားရသည်။ သို့သော် မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၅/၄) လေးဖြင့် ဗိုလ်စွဲရန် ထိပ်ဆုံးမှ ရေပန်းစားနေဆဲဖြစ်သည်။ မန်စီးတီးအသင်း၏ နောက်တွင် လီဗာပူးလ် အသင်းက (၅/၂)လေးဖြင့် ဒုတိယရေပန်းအစားဆုံးဖြစ်နေပြီး အာဆင်နယ်အသင်းက (၁၁/၄)လေးဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
