မန်ယူနဲ့ ချယ်လ်ဆီးတို့က ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး ၃ သင်းထဲ ပါဝင်နေပေမဲ့ ဒီဘက်နောက်ပိုင်းနှစ်တွေမှာတော့ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိသလို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူက အဆင့် ၈ နေရာ၊ ချယ်လ်ဆီးက အဆင့် ၆ နေရာတောင် ရောက်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ကို မန်စီးတီးအသင်း စိုးမိုးလိုက်ချိန်မှာ ဒီအသင်းနှစ်သင်းက ဘေးဖယ်ပေးလိုက်ရသလိုမျိုးပါပဲ။ အင်အားချိန်ခွင်လျှာအပြောင်းအလဲကြောင့် မန်စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ပြိုင်ဘက်အားလုံး ခက်ခက်ခဲခဲကြိုးစားခဲ့ရချိန်မှာ အာဆင်နယ်နဲ့ လီဗာပူးလ်တို့က အတိုင်းအတာတစ်ခုအထိ တည်ငြိမ်သွားပြီဖြစ်ပေမဲ့ မန်ယူနဲ့ ချယ်လ်ဆီးတို့ကတော့ ရုန်းကန်နေရတုန်းပါပဲ။ ချန်ပီယံဆုနဲ့ ဝေးကွာမှုမှာ အာဆင်နယ်က မန်ယူ၊ ချယ်လ်ဆီးတို့ထက်တောင် ကြာမြင့်နေပြီဖြစ်ပေမဲ့ နောက်ဆုံးနှစ်ရာသီဆက် ဒုတိယနေရာ ရယူနိုင်ခြင်းနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေခဲ့ပါတယ်။ မန်ယူနဲ့ ချယ်လ်ဆီးတို့ကတော့ အဆုံးမသတ်နိုင်သေးတဲ့ ပြင်ဆင်မှု၊ ပြောင်းလဲမှုတွေနဲ့အတူ လိုက်လေဝေးလေ ဖြစ်နေတုန်းပါပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
