ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို လာမည့် ဒီဇင်ဘာအတွင်း နိုင်ငံတော်အဆင့်အဖြစ် ကျင်းပသွားမည်ဖြစ်ရာ ဝန်ကြီးဌာနအဆင့်၌ အားကစားနည်း (၆)မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်း အမျိုးသား အားကစားပွဲတော်ကို ဒီဇင်ဘာလ (၉) ရက်မှ (၂၁) ရက်အထိ နေပြည်တော်၌ ကျင်းပမည်လည်း ဖြစ်သည်။
ထိုပွဲတော်၌ ဝန်ကြီးဌာနအဆင့် အဖြစ် ပြေးခုန်ပစ် အမျိုးသား/အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ ဟူ၍ အားကစားနည်း(၆)မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။
ထိုနည်းတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး)၊ ဘတ်စကက်ဘော (အမျိုးသား)၊ ကြက်တောင်(အမျိုးသား အမျိုးသမီး)၊ ဘိလိယက်/ စနူကာ (အမျိုးသား)၊ လက်ဝှေ့(အမျိုးသား)၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု (အမျိုးသား/အမျိုးသမီး)၊ ခရစ်ကတ်(အမျိုးသား)၊ ဘောလုံး (အမျိုးသား/အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား အမျိုးသမီး)၊ ဂေါက်သီး(အမျိုးသား)၊ ဂျူဒို (အ မျိုးသားအမျိုးသမီး)၊ ကရာတေး(အမျိုးသား အမျိုးသမီး၊ ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုးသမီး)၊ စားပွဲတင် တင်းနစ် (အမျိုးသား/အမျိုးသမီး၊ တိုက်ကွမ်ဒို (အမျိုးသား/ အမျိုးသမီး)၊ တင်းနစ် (အမျိုးသား)၊ ရိုးရာခြင်းလုံး (အမျိုးသား/အမျိုးသမီး)၊ မြန်မာ့သိုင်း(အမျိုးသား/အမျိုးသမီး)၊ဘော်လီဘော (အမျိုးသား / အမျိုးသမီး)၊ ဗိုဗီနမ် အမျိုးသား/ အမျိုးသမီး)၊ အလေးမ (အမျိုးသား/ အမျိုးသမီး)၊ ဝူရှူး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဟူ၍ အားကစားနည်း (၂၃) မျိုး ထည့်သွင်းကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း (၆၅၀) ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလတွင် ကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် ပဉ္စမအကြိမ် မြောက်ဖြစ်ပြီး ၁၉၉၂ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယတကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တတိယတကြိမ်၊ ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
