ယူကရိန်းတွင် အောင်ပွဲရသည်အထိ မြောက်ကိုရီးယားနိုင်ငံက ရုရှားကို ကျောထောက်နောက်ခံပြုပေးသွားမည်ဖြစ်ကြောင်း သောကြာနေ့က မော်စကိုမြို့တော်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွေက ထုတ်ဖော်ပြောဆိုလိုက်သည်။
ပူတင်၏ ညဏ်ပညာ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုအောက်တွင် ရုရှားသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများကို ကာကွယ်သည့် မြင့်မြတ်သော ကြိုပမ်းမှုတွင် အောင်ပွဲရမည်ဆိုသည်ကို ပြုံယမ်းက သံသယမရှိပါကြောင်း သူက ပြောဆိုခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယားစစ်တပ်များအကြား အလွန်နီးကပ်သော ဆက်ဆံရေးများ ထူထောင်ထားကြောင်း ဆာဂေးလက်ဗ်ရော့ဗ်က ပြောဆိုပြီး ယူကရိန်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ၎င်းတို့၏ အခြေခံရပ်တည်ချက်အပေါ် မြောက်ကိုရီးယားမိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါကြောင်း သူက ပြောဆိုခဲ့သည်။
မကြာခင်က ထောင်နှင့်ချီသော မြောက်ကိုရီးယားစစ်သားများကို ရုရှားသို့ စေလွှတ်ခဲ့ပြီး အဆိုပါစစ်သားများကို လာမည့်ရက်များအတွင်း တိုက်ပွဲတွင် ဖြန့်ကျက်ရန် မော်စကိုက ပြင်ဆင်နေသည်ဟု ဝါရှင်တန်က သတိပေးခဲ့သည်။
တစ်ဖက်တွင် မြောက်ကိုရီးယား၏ ရုရှားကို အကူအညီပေးနေခြင်းကိုတုန့်ပြန်သည့်အနေဖြင့် ဆိုးလ်က ယူကရိန်းကို လက်နက်များ ပေးပို့သွားရန်ရှိပါသလားဆိုသော မေးခွန်းကို ဖြစ်နိုင်ခြေ အရာအားလုံးအတွက် ထည့်သွင်း စဉ်းစားနေသည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေးယူးလ်က သောကြာနေ့တွင် ပြောဆိုသည်။
အော့တဝါတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း စကားပြန်မှတဆင့် ချိုက ပြောဆိုရာ၌ ရုရှားတွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်သည့် အနေအထားနှင့် မော်စကိုထံမှ ပြုံယမ်း၏ တန်ပြန်ရရှိမှုများအပေါ် ဆိုးလ်က စောင့်ကြည့်သွားမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
တောင်ကိုရီးယားသည် မိုင်းရှင်းလင်းရေး ကိရိယာများအပါအဝင် လူသတ်လက်နက်မဟုတ်သော အကူအညီများကို ယူကရိန်းကို ပေးထားသော်လည်း ကိဗ်ဘက်က လက်နက်များ တောင်းဆိုထားမှုကိုမူ ယခုအချိန်အထိ ငြင်းဆန်ထားသည်။
ယူကရိန်းကို လက်နက်များ ပေးပို့နိုင်ခြေရှိပါသလားဟူသော မေးခွန်းကို “ဖြစ်နိုင်ခြေရှိတဲ့ အရာအားလုံးကို ထည့်သွင်းစဉ်းစားနေပါတယ်” ဟု ချိုက တုန့်ပြန်ဖြေကြားသွားခဲ့သည်။
Ref: သည်ဂါးဒီးယန်း, ယူအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
