Top News

အင်တာမီလန်အသင်းတွင် အီကာဒီအတွက် နေရာမရှိနိုင်ကြောင်း ဇနက်တီ ပြောကြား
24htopnews | November 2, 2024 7:12 PM CST

အင်တာမီလန်အသင်းဒုဥက္ကဋ္ဌ ဇနက်တီက အသင်းတွင် တိုက်စစ်မှူး အီကာဒီအတွက် နေရာမရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းဒုဥက္ကဋ္ဌ ဇနက်တီက အသင်းတွင် တိုက်စစ်မှူး အီကာဒီအတွက် နေရာမရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီသည် ၂၀၁၉ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အင်တာမီလန်အသင်းမှ PSG အသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

အီကာဒီသည် PSG အသင်းတွင် ခြေစွမ်းပြနေကာ လီဂူး (၂၆)ပွဲတွင် (၁၇)ဂိုးအထိ သွင်းယူထားပြီး PSG အသင်းက ၎င်းကို အပြီးသတ်ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသည်။ 

သို့သော် အီကာဒီ၏ ဇနီးနှင့် အေးဂျင့်ဖြစ်သူ ဝမ်ဒါနာရာက မိမိတို့အနေဖြင့် အီတလီသို့ ပြန်လိုသည်ဟု PSG အသင်းထံ အကြောင်းကြားထားကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ထို့ကြောင့် အီကာဒီအနေဖြင့် အင်တာမီလန်အသင်းသို့ ပြန်လာနိုင်သလားဟု ESPN သတင်းဌာနက အင်တာမီလန်ဒုဥက္ကဋ္ဌဖြစ်သူ ဇနက်တီကို မေးမြန်ခဲ့ရာ ၎င်းက မဖြစ်နိုင်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဇနက်တီက "ကျွန်တော့်အနေနဲ့ ဒီကိစ္စကို သေချာတော့ မသိပါဘူး။ ဒါပေမဲ့ အင်တာမီလန်အသင်းမှာ အီကာဒီအတွက် နေရာမရှိနိုင်ဘူးလို့ ထင်ပါတယ်။ အီကာဒီအနေနဲ့ အင်တာမီလန်ကို ပြန်လာဖို့ မဖြစ်နိုင်ပါဘူး။ အခုအချိန်က အပြောင်းအရွှေ့အကြောင်းကို ပြောနေရမယ့်အချိန် မဟုတ်ပါဘူး။ ဒီအချိန်မှာ အရေးကြီးဆုံးက ကျန်းမာရေးပါ။ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တစ်ချိန်ချိန်မှာ ပြောနိုင်မှာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဇနက်တီက ဘာစီလိုနာနှင့် မန်စီးတီးအသင်းတို့ ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် (၂၂ နှစ်)မှာ အသင်းတွင် ပျော်ရွှင်နေကြောင်းလည်း ပြောကြားခဲ့သည်။ 

 


READ NEXT
Cancel OK