Top News

ဂျူဗင်တပ်စ်နှင့်စာချုပ်သက်တမ်းတိုးရန် ဘူဖွန် အသင့်ရှိနေ
24htopnews | November 2, 2024 7:12 PM CST

အီတလီဝါရင့်ဂိုးသမား ဘူဖွန်သည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အသင့်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘူဖွန်အနေဖြင့် လက်ရှိစာချုပ်ကို တစ်နှစ်သက်တမ်းတိုးလိုခြင်းဖြစ်ပြီး စာချုပ်သက်တမ်းပြည့်မည့် ၂၀၂၁ ခုနှစ်တွင် သူ၏အသက်မှာ (၄၃)နှစ်ရှိနေပြီဖြစ်သည်။

၎င်းသည် PSGအသင်းတွင် တစ်ရာသီကစားပြီးနောက် ဂျူဗင်တပ်စ်အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ဆဇက်စနီ၏အရန်အဖြစ် ကစားနေလျက်ရှိသည်။

Corriere della Sera သတင်းစာက ဘူဖွန်အနေဖြင့် ဂျူဗင်တပ်စ်အသင်းနှင့်စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ရေးသားခဲ့သည်။

ဘူဖွန်သည် ယခုရာသီအတွင်း ချန်ပီယံလိဂ်၊ စီးရီးအေနှင့် ကိုပါအီတာလီယာ ပြိုင်ပွဲစုံ(၁၁)ပွဲအထိ ကစားထားခဲ့သည်။

ယင်း(၁၁)ပွဲတွင် Clean Sheet (၃)ပွဲရရှိခဲ့ပြီး (၉)ဂိုးပေးခဲ့ရကြောင်း သိရသည်။

၎င်းအနေဖြင့် အီတလီအသင်းနှင့် ကမ္ဘာ့ဖလားအပြင် စီးရီးအေချန်ပီယံဆုအများအပြားရရှိခဲ့သော်လည်း ချန်ပီယံလိဂ်ဖလားနှင့်မူ ဝေးကွာနေလျက်ရှိသည်။

 


READ NEXT
Cancel OK