အင်တာမီလန်အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူမည့်စာရင်းတွင် မန်စီးတီးအသင်းက ထိပ်ဆုံးမှရေပန်းစားနေကြောင်း သိရသည်။
ဂွါဒီယိုလာ၏မန်စီးတီးအသင်းသည် လော်တာရို၏စာချုပ်လျော်ကြေး ပေါင်(၉၇.၅)သန်းကို ပေးချေပြီးခေါ်ယူရန် ဆန္ဒရှိနေသည်ဟု The Sun က ဖော်ပြခဲ့သည်။
အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးကို ချယ်လ်ဆီးနှင့် လာလီဂါထိပ်သီးများဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းများမှလည်း ခေါ်ယူရန်စိတ်ဝင်စားနေသည်။
သို့သော်လည်း အင်တာမီလန်အသင်း ဒုဥက္ကဋ္ဌဖြစ်သူ ဇနက်တီက လော်တာရိုအနေဖြင့် အသင်းတွင်ဆက်ရှိမည်ဟု ယုံကြည်ကြောင်း မှတ်ချက်ပြုခဲ့သည်။
''အခုချိန်မှာတော့ အပြောင်းအရွှေ့စျေးကွက်အကြောင်း မပြောလိုပါဘူး။ အရေးကြီးဆုံးအရာက ကျန်းမာရေးပါ။ သူလည်း အင်တာမှာပျော်နေတယ်လို့ ထင်ပါတယ်။ သူကိုယ်တိုင်ကလည်း ကလပ်အသင်းနဲ့ တန်းတူသဘောထား
ရှိပါတယ်။ သူ့ကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ သူ့ရဲ့အနာဂတ်ဟာ အင်တာမှာပဲရှိမယ်ထင်တယ်'' ဟု ဇနက်တီက ESPN သတင်းဌာနသို့ ပြောကြားခဲ့သည်။
လော်တာရိုသည် ယခုရာသီတွင် အင်တာအသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ပွဲကစားထားရာတွင် (၁၆)ဂိုး သွင်းယူနိုင်ခဲ့သည်။
၎င်းမှာ အာဂျင်တီးနားကလပ် ရေးဆင်းအသင်းတွင် ပရိုကစားသမားဘဝစတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အင်တာမီလန်အသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
