မော်စကို၊နိုဝင်ဘာ ၂
ဥရောပသို့ ရုရှား၏ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုသည် ယခုနှစ် ပထမ ၁၀ လအတွင်း ကုဗမီတာ ၂၆ ဒသမ ၅၂ ဘီလျံအထိရှိကာ အဆိုပါပမာဏသည် ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း ရုရှား၏ တပ်စ် သတင်းဌာနကဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်တစ်နှစ်လုံးအတွက် ရုရှားဓာတ်ငွေ့တင်ပို့မှုကိန်းဂဏန်းပမာဏသည် ကုဗမီတာ ၂၈ ဒသမ ၁၅ ဘီလျံခန့် ရှိသည်ဟုလည်း အစီရင်ခံစာအရသိရသည်။
ယခုနှစ် ပထမ ၁၀ လအတွင်း ရုရှား၏ပိုက်လိုင်းမှတစ်ဆင့်ဓာတ်ငွေ့တင်ပို့မှုကို ယူကရိန်းမှတစ်ဆင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဥရောပအလယ်ပိုင်းနှင့်အနောက်ပိုင်းများသို့ ဓာတ်ငွေ့တင်ပို့မှုသည် စုစုပေါင်း ကုဗမီတာ ၁၂ ဒသမ ၈၅ ဘီလျံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟုလည်းသိရသည်။
ယူကရိန်းသမ္မတဇလန်းစကီးကမူ ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် ရုရှားဓာတ်ငွေ့ကုမ္ပဏီ Gazprom နှင့် ယူကရိန်းကိုဖြတ်မည့်သယ်ယူရေးသဘောတူညီချက်ကို သက်တမ်းတိုးမည်မဟုတ်ကြောင်း ယူကရိန်းကကြေငြာခဲ့သည်။
ရုရှားနှင့်ယူကရိန်းကြား တင်းမာမှုများကြောင့် ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်ကို သက်တမ်းတိုးရန် မဖြစ်နိုင်သော်လည်း အီးယူနိုင်ငံများသည် လေလံပွဲများ၊နေရာဒေသ တခုလုံးကိုကြိုတင်စာရင်းသွင်းမှုများနှင့် ဓာတ်ငွေ့ပေးပို့မည့် နေရာများကို ပြင်ဆင်ပြောင်းလဲခြင်းဖြင့် ရုရှားဓာတ်ငွေ့ကို ရနိုင်သေးကြောင်း ကျွမ်းကျင်သူများကပြောကြားခဲ့ကြသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
