ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားအား ယနေ့ နိုဝင်ဘာ ၂ ရက်ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့တက်ရောက်၍ ဆီမီးထွန်းညှိပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအ မှတ်အခမ်းအနားမင်္ဂလာမုခ်ဦးကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ နစက ဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ကအခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့အထိမ်းအမှတ်အခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံအတွင်းရှိ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများအပါအဝင် လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဘာသာဝင်များ၊ အခြားသောဘာသာဝင်များစုပေါင်းကာ စည်ကားသိုက်မြိုက်စွာကျင်းပခြင်းဖြစ်သည်ဟု ပြောသည်။
ထိုသို့ ကျင်းပခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားသည့် ဘာသာဝင်များကြား သင့်မြတ်ညီညွတ်မှုကိုပြသနေခြင်းဖြစ်သည်ဟု ယုံကြည်သည်ဟု ပြောသည်။
မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိသော်လည်း အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြသည်မှာတူညီသဖြင့် တစ်ဦး၏ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးကလေးစားကြရမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ဟိန္ဒူအသင်းအဖွဲ့ပြခန်းများ၊ ဟိန္ဒူမျိုးနွယ်စုပြခန်းများကိုလည်း ပြခန်းတစ်ခုချင်းစီအလိုက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။



















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
