နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ စိုက်/သိပ္ပံကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမတစ်ဦးတို့ ယနေ့ နိုဝင်ဘာ ၂ ရက်နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ဓားဖြင့်ထိုးခုတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ စိုက်/သိပ္ပံ ကျောင်းဝန်းအတွင်း၌ ပြစ်မှုကျူးလွန်သူ ပဲခူးတိုင်း၊ ဇေယျဝတီမြို့နေ မျိုးမင်းသူ(၁၉)နှစ်မှ ကျောင်းဆရာမဒေါ်အွန်စော(၂၂)နှစ်အား နေအိမ်အတွင်းဓားဖြင့်ထိုးခုတ်နေသဖြင့် ကျောင်းအုပ်ဆရာမဒေါ်ဝင်းရီမှသွားရောက်ကြည့်ရှုစဉ် မျိုးမင်းသူက ကျောင်းအုပ်ဆရာမကြီးအား ဓားဖြင့်ထပ်မံထိုးခုတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
” အခုပြစ်မှုကျူးလွန်တဲ့သူက ဒုတိယနှစ်စာမေးပွဲကျတဲ့ ကျောင်းသားတစ်ယောက်ပါ။ ပထမဆုံး ဓားနဲ့ခုတ်ခံရတဲ့ဆရာမက ကွင်းဆင်းလက် ထောက်တစ်ယောက်ပါ။ သူ့ကိုဓားနဲ့ထိုးခုတ်နေတဲ့အသံရယ် အကူအညီတောင်းတဲ့အသံရယ်ကြားလို့ထွက်ကြည့်တဲ့ ကျောင်းအုပ်ဆရာမကြီးကိုပါ ထပ်ပြီးထိုးခုတ်ခဲ့တာ”ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် ဆရာမဒေါ်အွန်စောသည် လည်းပင်းထိုးသွင်းဒဏ်ရာ၊ ဘယ်ဘက်ညှပ်ရိုးထိုးသွင်းဒဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကျောင်းအုပ်ဆရာ မကြီးတွင်လည်း ဦးခေါင်းအလယ်ပြတ်ရှဒဏ်ရာတို့ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက စစ် ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား နံနက် ၁၀ နာရီခန့်တွင် ဘောဂသီရိကားဝင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
