မြန်မာနိုင်ငံအတွင်းနေထိုင်သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်မွေးပြီးနေထိုင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းမှ ယနေ့ နိုဝင်ဘာ ၂ ရက်ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပသည့် ဟိန္ဒူဘာသာဝင်များ ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ချီးမြှင့်ရသည့်အကြောင်းအားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားစေလိုကာ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။
ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့် လှုံ့ဆော်မှုအမျိုးမျိုးကိုအခြေခံနေသည်ကိုတွေ့ရှိရကာ ယင်း သွေးထိုးလှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအတွင်းအကြမ်းဖက်လုပ်ရပ်များကို မိုက်မဲစွာကျူးလွန်နေကြသည်ဟု ပြောသည်။
” သွေးကွဲနေရက် သွေးထိုးခံနေရမှာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွင်းက ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲနေထိုင်ကြတဲ့ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ မြန်မာနိုင်ငံကိုချစ်တဲ့စိတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်မွေးပြီး နေကြဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေချုပ်ငြိမ်းပြီး အားလုံးသွားလိုတဲ့ လမ်းကြောင်းပေါ် အမြန်ဆုံးပြန်ရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
မြန်မာနိုင်ငံတွင် မတူညီမှုများ၊ကွဲပြားမှုများရှိနေသော်လည်း ယင်း မတူကွဲပြားမှုများကို စုစည်းနိုင်ခြင်းကသာ အင်အားကိုဖြစ်စေပြီး ထိုသို့စုစည်းသည့်အင်အားရရှိစေရန် မိမိကိုယ်တိုင် ဦးဆောင်၍ ဆောင်ရွက်လျက်ရှိကာ မြန်မာပြည်ဖွား အိန္ဒိယလူမျိုးစုအဖွဲ့အစည်းများ၊ တရုတ်လူမျိုးစုအဖွဲ့အစည်းများနှင့် မိမိ၏ကိုယ်စားလှယ်များတွေ့ဆုံကာ ယင်း အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ကာ ၎င်းတို့၏သုံးသပ်ချက်များကိုလည်း အဖြေရှာဆောင်ရွက်ပေးခဲ့သည်ဟု ပြောသည်။
ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံ ၏ ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ လူမျိုးစုများဆိုင်ရာ အထိမ်းအမှတ်နေ့များနှင့် အခမ်းအနားများကို မိမိတို့အစိုးရအနေဖြင့် တတ်နိုင်သမျှအားပေးကူညီနေသည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။










-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
