မန္တလေးမြို့တွင် လက်ဖက်ရည်ဆိုင်၀န်ထမ်းတစ်ဦးက အောက်တိုဘာ၂၅ ရက် နံနက် ၂နာရီခန့်တွင်ဓားဖြင့်ခုတ်သဖြင့် ဆိုင်ပိုင်ရှင်နှင့် ဆိုင်၀န်ထမ်းတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက် ၁၇လမ်း ၆၃လမ်းနှင့် ၆၄လမ်းကြားရှိ၊ ငွေကောင်းလက်ဘက်ရည်ဆိုင်တွင် အသက် ၁၈ နှစ်အရွယ်ဆိုင်၀န်ထမ်းအမျိုးသားတစ်ဦးက ဆိုင်တွင်းရှိအလုပ်သမားများနှင့် ဆိုင်ပိုင်ရှင်လင်မယားတို့ကို ဓါးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားဖြစ်တစ်ဦးသူ ရဲပိုင်ရွှေသည် ဆိုင်တွင်အတူတူလုပ်ကိုင်သူ မျိုးထက်အောင်အား စားဖိုမှူးသုံးဓါးဖြင့်ခုတ်ရာ လည်ပင်းတွင်ပြတ်ရှဒဏ်ရာဖြင့်မျိုးထက်အောင် သေဆုံးခဲ့ပြီး အနီးတွင်အိပ်နေသည့် ဆိုင်အလုပ်သမားဖြစ်သူတစ်ဦးအား ဓားဖြင့်ထပ်မံခုတ်ရာ အဆိုပါ ဓားဖြင့်ခုတ်ခံရသည့်
ဆိုင်၀န်ထမ်းက အော်ဟစ်အကူအညီတောင်းခံကြောင်း သိရသည်။
ထိုသို့အော်ဟစ်မှုကြောင့် ဆိုင်အောက်ထပ်ရှိ ဆိုင်ရှင်ဇနီးမောင်နှံရောက်ရှိလာစဉ် ၎င်းတို့ကို ရဲပိုင်ရွှေက ဓားဖြင့်ထပ်မံခုတ်ခဲ့ရာ ဆိုင်ရှင်ဇနီးမောင်နှံအနက်အမျိုသမီးဖြစ်သူမှာ လည်ပင်းတွင်ပြတ်ရှဒဏ်ရာရှိသဖြင့် ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူမှာ ပခုံး၊ လက်မောင်းနှင့် နှာခေါင်းတို့တွင် ပြတ်ရှဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဓားဖြင့်ခုတ်သတ်မှု ကျူးလွန်ခဲ့သူ ရဲပိုင်ရွှေသည် အခင်းဖြစ်ပွားပြီးနောက် တိမ်းရှောင်ထွက်ပြေးသဖြင့် သက်ဆိုင်ရာက ရှာဖွေဖမ်းဆီးရာတည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
