မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ (၄၁၈၀၀) ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိတွင် (၆၇၃၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဒေသတွင်း စိုက်ပျိုးရေး သတင်းများအရ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သော ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွမ်း၊ ပဲကြီး၊ ပဲနောက်၊ ပဲကြား၊ စားတော်ပဲ အပါအဝင် အခြား ပဲသီးနှံများကို သတ်မှတ်စိုက်ဧက ပြည့်မီရေး အောက်တိုဘာလ ပထမပတ်မှ စတင်၍ ဒေသခံတောင်သူများက စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ပဲမျိုးစုံသီးနှံ (၆၇၃၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ပဲမျိုးစုံသီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အရင်နှစ်ကထက် သီးနှံအထွက်နှုန်း ပိုမိုရရှိအောင် တောင်သူတွေကို ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်း မျိုးသန့်တွေကို ရွေးချယ်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့ စိုက်ပျိုးရေး သွင်းအားစု ပစ္စည်းတွေ စနစ်တကျ သုံးစွဲကြဖို့ ကွင်းဆင်းကြီးကြပ်ပြီး အသိပညာပေးထားပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က နိုင်ငံပိုင်သတင်းဌာနသို့ ပြောထားသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ (၂၁၈၄၃) ဧက၊ မတ်ပဲ (၁၃၂) ဧက၊ ပဲကြီး (၃၆၉၇) ဧက၊ စားတော်ပဲ (၃၁၈၅) ဧက၊ ပဲလွမ်း (၃၂၃၂) ဧက၊ ပဲနောက် (၄၁၈) ဧက၊ ပဲယင်း (၂၁၄) ဧက၊ ပဲကြား (၃၉၁) ဧက၊ ထော ပတ်ပဲ (၇၇၃၂) ဧက၊ အခြားပဲသီးနှံ (၉၅၆) ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ (၄၁၈၀၀) ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲသီးနှံအထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေး စိုက်ပျိုးရေး ဦးစီးဌာနက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ချိတ်ဆက်၍ ဒေသခံတောင်သူများ လိုအပ်သည့် မျိုးကောင်း/ မျိုးသန့်များ၊ သွင်းအားစုပစ္စည်းများ ထောက်ပံ့ကာ အသိပညာပေးထားကြောင်း သိရသည်။
ထို့ပြင် ပဲသီးနှံများ ပိုးမွှားမကျရောက်စေရေး တောင်သူများနှင့်အတူ ကြိုတင်ကာကွယ်နှိမ်နင်းရမည့် နည်းလမ်း များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
