အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခဲ့သည့် Jakarta Forum on ASEAN-China Relations သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖိုရမ်ကို ဂျကာတာမြို့တွင် နိုဝင်ဘာ (၁)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းဖိုရမ်၌ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံ – တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးဖြစ်သည့် မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်ကို အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေး အလားအလာများနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
