၂၀၂၄ ခုနှစ်၊ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲနှင့် (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၆) ရက်မှ ဒီဇင်ဘာ (၈) ရက်အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်တည်းကျင်းပသွားမည်ဖြစ်သည်။
အဘိဓမ္မာ (ရိုးရိုး) စာမေးပွဲကို အစိုးရပထမငယ်တန်း (သို့) ၎င်းနှင့် အလားတူစာမေးပွဲ အောင်မြင်ခြင်း မရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဖြေဆိုခွင့်ရှိပြီး အဘိဓမ္မာ (ရိုးရိုး) အောင်မြင်ပြီးသူများမှာ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲကိုဖြစ်စေ၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဖြစ်စေ ဖြေဆိုနိုင်ကြောင်း သိရသည်။
ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမကြီးတန်း၊ ဓမ္မာစရိယတန်း (သို့) ၎င်းနှင့် အလားတူ စာမေးပွဲများ အောင်မြင်ခြင်း မရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဖြေဆိုခွင့်ရှိကြောင်း သိရသည်။
အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် တဆင့်ဖြစ်စေ၊ နှစ်ဆင့်ဖြစ်စေ၊ သုံးဆင့်ဖြစ်စေ နှစ်ချင်းပေါက် ဖြေဆိုခွင့်ရှိပြီး ယခင်က သုံးဆင့်လုံး အပြည့်အစုံ မအောင်မြင်သေးသူများမှာ သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံဖြေဆိုခွင့်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ စာဖြေဌာနတည်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်သံဃနာယက အဖွဲ့ရုံးများသို့ အချိန်မီပေးပို့ထားမည်ဖြစ်၍ အဆိုပါ ရုံးများတွင် စာမေးပွဲဖြေဆိုရက်မတိုင်မီ ထု တ်ယူနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့ပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၄) ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂၅) ရက်အထိ (၃၃) ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည်ဖြစ်သည်။
စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၄) ရက်၊ နံနက် ၈နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း၊ စာပြန် ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစား ဆောင်တွင်လည်း ကောင်း (၃၃) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး နှစ်ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီး (၁၁) ပါး၊ ပုစ္ဆကဆရာတော် (၄)ပါး၊ ကြီးကြပ်ရေး ဆရာတော်(၄)ပါး၊ စာထောက်စာမဆရာတော်အပါး (၁၆၀)၊ အာဂုံပြန်စာရင်းသွင်း သံဃာအပါး (၂၇၀)၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ (၂၃၈) ပါး စုစုပေါင်း (၆၈၉) ပါး ကြွရောက်တော်မူမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကျင်းပမည့် ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ လှူဒါန်းလိုသူများအနေဖြင့် သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့ ၀၉-၄၃၀၆၇၁၆၈၊ ၀၉- ၄၄၃၁၉၀၁၉၃ သို့ ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
