တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ပထွေးဖြစ်သူက မယားပါသမီး ဖြစ်သူအား သက်ငယ်မုဒိမ်း ကျူးလွန်သူ အမျိုးသားကို တောင်ကြီးခရိုင်တရားရုံးမှ အောက်တိုဘာ ၂၂ ရက်တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
“ကျောင်းကြီးစုက အမှုကို ထောင်ဒဏ် နှစ် ၂၀ ချလိုက်ပြီ။ ရှေ့တစ်လကဖြစ်တာ ခုချက်ချင်းချတာ၊ ပထွေးကနေ မယားပါသမီးကို ကျင့်တဲ့အမှုလေ။ ဦးသက်ထွန်း တရားသူကြီး”ဟု Legal Aid For Human Right အဖွဲ့မှ သော်တာဆွေက ပြောကြားသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈)၊ ကျောက်စမ်းလမ်းတွင် စက်တင်ဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ အမျိုးသား ရဲထွန်း (၄၂) နှစ်ကို တောင်ကြီးမြို့နယ် တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း တောင်ကြီးခရိုင်တရားရုံး သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
“ကလေးငယ်ရဲ့ ကိုယ်ဝန်နဲ့ မိခင်က နောက်ယောကျ်ား ယူတယ်။ ကလေးကြီးလာတော့ ငယ်ငယ်လေးထဲက လေး ငါး ခြောက်နှစ်ထဲက လုပ်တာပေ့ါ။ ကြီးလာတော့လည်း မထိတထိ လုပ်တယ်။ သားကျင့်မယားကျင့် လုပ်ခဲ့တာပေ့ါ။ တစ်ရက်တော့ ညအိပ်တော့ သူ့အမေနဲ့ အားလုံးအိပ်တာပေ့ါ။ ကလေးမ အမေကိုကျော်ပြီး ကလေးမကို လှမ်းနှိုးတော့ သိသွားတော့ ပြောတာပေ့ါ။ သူတို့က ကြောက်နေကြတာလေ။ သူက ခြေတစ်ဖက် မရှိဘူး။ သူက ရှာကျွေးနေတော့ ကြောက်ကြတယ်။ ရိုက်ပုတ်တော့ ကြိတ်မှိတ်ထားတာ ကြာပြီဆိုတော့ ဆယ်အိမ်မှူးကို သွားပြောတော့ ဆယ်အိမ်မှူးကနေ ကျွန်တော့်ကို အကြောင်းကြားတယ်။ ရဲစခန်းအပ်လိုက်ဆိုပြီးတော့ ရုံးကနေ ကားလွှတ်ပြီးတော့ သူ့ကိုခေါ်ပြီး ရဲစခန်းပို့လိုက်တာ။ သူတို့က အမှုဖွင့်တော့ အဲဒီအမှုက ပေါ်သွားတယ်။ အဲဒီနေ့က စက်တင်ဘာ ၇ ရက်ပါ။ အခင်းပြဿနာဖြစ်တဲ့နေ့ပေ့ါ၊ အဲဒီနေ့မှာပဲ ရဲစခန်းပို့လိုက်တာပေ့ါ။ အမှုဖွင့်တာတော့ ရဲစခန်းက ဖွင့်တာ ဘယ်နေ့ကလဲ မသိဘူးပေ့ါ”ဟု ကျောင်းကြီးစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
