ရခိုင်ပြည်နယ် မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်တွင်တို့တွင် လက်နက်ကြီးကျ၍ ကလေးတစ်ဦးနှင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီကျော်က မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ဦးကျန်မြင့်၏ နေအိမ်ရှေ့၌ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ရှစ်နှစ်အရွယ် မောင်မျိုးအောင်ဌေးမှာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်း၏ ဖခင်ဖြစ်သော ဦးကျန်မြင့် (၄၃) နှစ်နှင့် ဒေါ်အေးဝင်း (၄၀) နှစ်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၁၉ ရက် နေ့လည် ၁၂ နာရီကျော်အချိန်က ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ လယ်ကွင်းတွင် လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆရာတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးသွားသည့် ကျောင်းဆရာမှာ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းဆင်း လက်ရှိမှာ ရသေ့တောင်မြိုနယ် င/စံ ဘော်ကျေးရွာရှိ မူလတန်း (လွန်) ကျောင်းတွင် တာဝန်ကျနေသူ ဦးမျိုးဆက်နိုင်ဦး အသက် (၂၁) နှစ်ဖြစ်ပြီး ၎င်းသည် နေအိမ်မှ နွားများကို လယ်ကွင်းသို့ လွှတ်ရန်သွားစဉ် ယင်းသို့ ကျည်ထိမှန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။ အောက်တိုဘာ ၁၉ ရက် တစ်နေ့တည်းတွင် မြို့နယ် နှစ်ခု၌ လက်နက်ကြီးကျ၍ သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦးရှိခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
