ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့တွင် အောက်တိုဘာ ၁၈ ရက် နေ့လယ် ၂ နာရီခွဲခန့်က အသုတ်မြို့မှ ကျုံပျော်မြို့သို့ NLD ပါတီ အောင်နိုင်ရေးအတွက် အင်အားပြလှည့်လည်နေသည့် ယာဉ်တန်းမှ ဆိုင်ကယ်တစ်စင်းမှာ အရှေ့တွင် မောင်းနှင်နေသော မော်တော်ယာဉ်တစ်စင်းအား ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ ဆိုင်ကယ် ယာဉ်မောင်း အမျိုးသမီးမှာ မော်တော်ယာဉ် အောက်သို့ရောက်သွားပြီး ကြိတ်မိခဲ့သောကြောင့် နေရာတွင်ပင် အသက်ဆုံးပါးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ရေကြည်မြို့နယ် အသုတ်မြို့မှ NLD ပါတီဝန်းရံသူ ၁၅ဝဝခန့်သည် ကား၊ထော်လာဂျီ အစီး ၄ဝခန့်၊ ဆိုင်ကယ်အစီးရေ ၁ဝဝခန့်ဖြင့် ကျုံပျော်-သုံးခွ-အင်းမ ကားလမ်းအတိုင်း ကျုံပျော်မြို့သို့ သွားရောက် အင်အားပြလှည့်လည်ခဲ့ကြောင်း၊ ယင်းလှည့်လည်သည့် ယာဉ်တနး်မှာ ကျုံပျော်မြို့နယ် ကိုင်းတောကျေးရွာ ဘုန်းကြီးကျောင်းလမ်းထိပ်နားအရောက်တွင် အင်အားပြယာဉ်တန်းအတွင်း လိုက်ပါလာသူ အသုတ်မြို့နေ မခင်မျိုးသက် အသက် (၃၈)နှစ် မောင်းနှင်လာပြီး ဦးသန်းဦး အသက် (၄၃)နှစ် စီးနင်းလိုက်ပါလာသည့် ဟွန်ဒါအမျိုးအစား အဖြူရောင် ဆိုင်ကယ်မှာ အရှေ့တွင် လားရာတူ မှောင်းနှင်နေသော ယာဉ်မောင်း ကိုစိုးလင်းထက် မောင်းနှင်လာသည့် မှန်လုံယာဉ်အား လမ်း၏ ယာဘက်ခြမ်းလမ်းဘေးမှ ကျော်တက်ခဲ့ကြောင်း၊ ထို့သို့ ကျော်တက်စဉ်တွင် မခင်မျိုးသက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ မော်တော်ယာဉ်၏ ယာဘက်အနောက်ဖက် ဘီးအနီး ကားဘေးဘက်ခြမ်းအား ဆိုင်ကယ် ဝဲဘက် ဘက်မှန်နှင့် ဝင်ရောက်ချိတ်မိခဲ့ပြီး ဆိုင်ကယ်လဲကျသွားပြီးနောက် မခင်မျိုးသက်မှာ မော်တော်ယာဉ် ယာဘက်နောက်ဘီးနှင့် ကြိတ်မိတာ အခင်းဖြစ်နေရာမှာပင် အသက်ဆုံးပါးခဲ့ကြောင်း၊ မော်တော်ဆိုင်ကယ်ပေါ်တွင် အတူလိုက်ပါလာသူ ဦးသန်းဦးမှာလည် ပြင်ပထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ကျုံပျော်မြို့နယ် ရဲတပ်ဖွဲ့မှူးထံ အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းရာတွင် အခင်းဖြစ်စဉ်မှန်ကန်သော်လည်း မြို့နယ်ရုံးထံသို့ သတင်းပေးပို့မှု မရှိသေးကြောင့် မြို့မရဲစခန်းသို့သာ ဆက်သွယ်မေးမြန်းပါရန် ဖုန်းနံပါတ်ပေးသောကြောင့် မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အခင်းဖြစ်ပွါးသည်မှာ မှန်ကန်ကြောင်း အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အတည်ပြုဖြေကြားခဲ့သည်။
အထက်ပါဖြစ်စဉ်နှင့်ပက်သက်၍ ကျုံပျော်မြို့မရဲစခန်းမှ ယာဉ်(ပ) ၁၁/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃ဂဖြင့် မှန်လုံယာဉ်မှ ယာဉ်မောင်း ကိုစိုးလင်းထက်အား ယာဉ် မဆင်မခြင်မောင်းနှင်၍ ဒဏ်ရာများ ရရှိခဲ့ပြီး အသက်သေဆုံးအောင်ပြုလုပ်ခဲ့သည်ဟုဆိုကာ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
