မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနှင့် ၁၃၁ လမ်းထောင့်ရှိ ယူနိုက်တက်အမရဘဏ် UAB (စက်မှုဇုန်ဘဏ်ခွဲ) အား သေနတ်ကိုင်ဆောင်ထားသူ တစ်ဦးက ဝင်ရောက် ဓားပြတိုက်မှု ယနေ့ (အောက်တိုဘာ ၁၅ ရက်) ညနေ လေးနာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦးက ဘဏ်အတွင်းဝင်ရောက်ကာ ငွေများကို ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
"ဘဏ်ထဲ ဝင်တာကတော့ တစ်ဦးထဲပဲ။ ကားပေါ်က ဘယ်နှစ်ယောက် စောင့်နေတယ်တော့ မသိရဘူး။ သေနတ် တစ်လက်နဲ့ လက်ထိပ်တစ်ခု ပါတယ်။ ငွေ၊ နှစ်ထုတ်ကို ယူသွားတယ်။ ဘယ်လောက်လဲ ဆိုတာတော့ စစ်ဆေးနေတုန်းပဲ။ အသေးစိတ်ကိုတော့ CCTV မှတ်တမ်းတွေပြန်ကြည့်ပြီး ဖမ်းမိဖို့အတွက် မန္တလေးမြို့ အဝင်အထွက်တွေကို ပိတ်ဆို့ ဆောင်ရွက်နေပါတယ်"ဟု မန္တလေးတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြောကြားခဲ့သည်။
"သေနတ်ပြပြီး ငွေတောင်းတယ်။ လက်ထိပ်ပါတယ်။ အဲဒါနဲ့ ဘဏ်ဝန်ထမ်းက ငွေသိန်းနှစ်ရာ ပေးလိုက်တော့ ထွက်သွားတယ်" ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်က ဆိုသည်။
လတ်တလောတွင် ဘဏ်နှင့် အနီးတဝိုက်တွင် ရဲတပ်ဖွဲ့လုံခြုံရေးများချထားပြီး ကျူးလွန်သူများ ဖမ်းဆီးရမိရေးတွက် ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂၄နာရီဖွင့်သည့် စတိုးဆိုင်တစ်ဆိုင်အား ဝင်ရောက် လုယူမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
