မကွေးတိုုင်းဒေသကြီး ချောက်မြို့ အမှတ် ၁၀ ရပ်ကွက် မဟာစည်ရိပ်သာ Quarantine စင်တာတွင် Quarantine ဝင်နေသည့် အမျိုးသားတစ်ဦးသည် အောက်တိုုဘာ ၁၁ ရက် ည ၁၁ နာရီကျော်ခန့်က သူ၏ရည်းစားနှင့်တွေ့ရန် Quarantine စင်တာအပြင်သိုု့ ထွက်ခဲ့သောကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခံထားရကြောင်း ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ မျိုးသက်ဦးထံမှ သိရသည်။
အဆိုုပါအမျိုးသားသည် ရန်ကုုန်မှ ချောက်မြို့သိုု့ ပြန်လာသူ ဖြစ်သောကြောင့် Quarantine ဝင်ခဲ့ရကြောင်း၊ ယင်းသိုု့ Quarantine ဝင်နေချိန်တွင် သူ၏ရည်းစားနှင့်တွေ့ရန် အပြင်သိုု့ထွက်ခဲ့သည်ကိုု ယင်းစင်တာတွင် တာဝန်ကျသည့် လုုံခြုံရေးဝန်ထမ်းများက တွေ့ရှိခဲ့သောကြောင့် ချောက်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“လူတွေ အန္တရာယ်မဖြစ်အောင် သီးခြားခွဲထားတာမှာ သီးခြားခွဲထားသူက လူတွေနဲ့ ထိတွေ့ဖိုု့ ကျူးလွန်ဖောက်ဖျက်တာဆိုုတော့ ဥပဒေကြောင်းအရ အရေးယူခံရတာပါ။ တရားလိုုအနေနဲ့တော့ ကျန်းမာရေးဌာနက မလုုပ်ဖြစ်ပါဘူး။ COVID ကော်မတီမှာပါတဲ့ အခြားဌာနဆိုုင်ရာတွေက တရားလိုုပြု အမှုဖွင့်ခဲ့တာပါ” ဟုု ဒေါက်တာမျိုးသက်ဦးက ပြောကြားသည်။
အဆိုုပါဖြစ်စဉ်မှ အမှုဖွင့်ခံရသူအား အောက်တိုုဘာ ၁၂ ရက်က Antigen Test Kit ဖြင့် စစ်ဆေးခဲ့ပြီး ပိုုးမတွေ့ရှိကြောင်း သိရပြီး ချောက်မြို့တွင် အောက်တိုုဘာ ၁၂ ရက်အထိ Quarantine ဝင်နေသူ စုုစုုပေါင်း ၄၀ ဦးရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
