ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား
24htopnews | November 3, 2024 10:12 AM CST
ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အတွင်းရေးမှူး ဦးမင်းသက်နောင်က ပြောကြားသည်။
ပေါက်ကွဲမှုမှာ ယနေ့ (နိုဝင်ဘာ ၆ ရက်) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း ၎င်းက ပြောကြားသည်။
“တိုင်းကော်မရှင် ရုံးဝန်းထဲမှာ ပေါက်ကွဲမှုဖြစ်တာပါ၊ မှန်တွေတော့ ကွဲသွားတယ်၊ လူထိခိုက်မှု မရှိဘူး၊ မဲပေးမယ့် စာရွက်စာတန်းတွေကိုလည်း ထိခိုက်ပျက်စီးမှု မရှိပါဘူး” ဟု အတွင်းရေးမှူး ဦးမင်းသက်နောင်က ပြောကြားသည်။
လက်တလောတွင် ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အသေးစိတ်အား မပြောနိုင်သေးကြောင်း ဦးမင်းသက်နောင်က ဆိုသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သတင်းများ ထပ်မံရရှိပါက ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
