အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့တွင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းတစ်ဦးသည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ခေါင်းဖြတ်၍ အသတ်ခံခဲ့ရသည်ဟု သိရသည်။
“ အခု သေတဲ့သူက ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံရဲ့ တာဝန်ခံတစ်ဦး ဖြစ်ပါတယ်။ သတ်တဲ့သူကလည်း သူစိမ်းလို့ ပြောရမှာပေါ့ ။ သူက ရိမှာနေတာ တစ်နှစ်လောက်ပဲ ရှိသေးတာ ။ အမှတ် ၁ နဲ့ အမှတ် ၂ ကြားမှာ ကျောက်ခွဲစက်မှာ နေတာပြောတယ်။ သူ့ကိုတော့ ကျွန်တော်တို့က တစ်ခါနှစ်ခါလောက်ပဲ မြင်ဖူးတယ်။ သတ်တဲ့နေရာကလည်း မိုက်ခရိုဝေ့မှာ။ ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံမှာ မဟုတ်ဘူး။ သတ်တဲ့သူကို မေးတော့ ဘုရားသခင်က သတ်ခိုင်းတယ်။ ဘာမေးမေး ဘုရားသခင်က လုပ်ခိုင်းတာလို့ သိရတယ်။ သတ်တဲ့သူ က သူတစ်ယောက်ထဲ နေရာ။ အသတ်ခံရတဲ့သူ မိသားစုရှိပါတယ်။ ရုပ်သံမှာ ကျွမ်းကျင် ၃ ဖြစ်မယ်” ဟု ရိခေါ်ဒါရ်မြို့မှ မြို့ခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဖြစ်စဉ်မှာ ရိခေါ်ဒါရ်မြို့နယ် နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလားချိန့်လျန်နာတို့နှင့်သည် မြို့ပေါ်တွင် လှည့်ကင်းများ ဆောင်ရွက်နေစဉ် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းအိမ်ယာရှေ့ ရိခေါ်ဒါရ် - ဖမ်းကားလမ်းပေါ်တွင် အထုတ် တစ်ထုတ် ကိုင်ဆောင်၍ မြို့တွင်းဘက်သို့ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို တွေ့ရှိရ၍ စစ်ဆေးကြည့်ရာ အဆိုပါ အထုတ်အတွင်း အမျိုးသားတစ်ဦး၏ ဦးခေါင်းပြတ်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ မသင်္ကကာသူ အမျိုးသား၏ အမည်မှာ ရှယ်ထန်း ( ခ ) ထန်းငှာ (၂၈) နှစ် ဖြစ်ပြီး ရိခေါ်ဒါရ်မြို့ အမှတ် ၂ ရပ်ကွက်၌ ကျဘမ်းလုပ်ငန်းဖြင့် အသက်မွေးမြူ၍ ရိခေါ်ဒါရ်မြို့သို့ လာရောက်နေထိုင်သည်မှာလည်း တစ်နှစ်ခန့်သာ ရှိသည်ဟု သိရသည်။ ခေါင်းဖြတ်၍ အသတ်ခံရသူမှာ ရိခေါ်ဒါရ်မြို့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်း ဦးကပ်လှေပြောင် (၄၃ နှစ်) ဖြစ်ပြီး ရိခေါ်ဒါရ်မြို့ ၊ အမှတ် ၁ ရပ်ကွက် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်း အိမ်ယာတွင် နေထိုင်သူတစ်ဦး ဖြစ်သည်ဟု သိရသည် ။ အဆိုပါ နှစ်ဦးသည် ရိခေါ်ဒါရ်မြို့ မိုက္ကခရိုဝေ့ရုံးခန်းအတွင်း၌ ဘာသာရေးနှင့် ပတ်သက်၍ အပြန်အလှန် ပြောဆို ငြင်းခုံကြပြီး ရှယ်ထန်း မှ အခန်းအတွင်းရှိ မီးသတ်ဆေးဗူးဖြင့် ဦးကပ်လှေပြောင်၏ ဦးခေါင်းအား ထုရိုက်ခဲ့ရာ သတိလစ်နေစဉ် အနီးရှိ စတီးဓါးဖြင့် လည်ပင်းအား လှီးဖြတ်၍ ဦးခေါင်းအား သေဆုံးသူ၏ ပုဆိုးဖြင့် ထုတ်ကာ ယူဆောင်လာခဲ့သည် ဟု ရဲမှတ်တမ်းများအရ သိရှိရပါသည်။
လူသတ်မှု ကျူးလွန်ခဲ့သူ ရှယ်ထန်းကို အခင်းဖြစ်သည့်နေရာသို့ ခေါ်ဆောင်ခဲ့ပြီး အရှည် ၇.၅ လက် ၊ ဗျက် ၃.၅ လက်ရှိ လက်ကိုင်ရိုးမပါ စတီးရိုးဓား တစ်ချောင်း ၊ ချင့်တံဆိပ်ပါ အနီရောင် မီးသတ်ဆေးဗူး တစ်ဗူး နှင့် ၀ါနက်ရောင် ပုဆိုးတစ်ထည် စသည့် သက်သေခံပစ္စည်းများကို သက်သေများရှေ့တွင် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး သေဆုံးသူ၏ အလောင်းကို ရဲဆေးစာနှင့်အတူ ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင် စစ်ဆေးခဲ့သည်ဟု သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ (ပ)၂၁/၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
