စမ်းချောင်းမြို့နယ် အရှေ့ကုန်းလမ်းအတွင်း ဆရာဝန်တစ်ဦး အသတ်ခံရမှု နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် မင်္ဂလာလမ်းတွင်နေထိုင်သည့် ဆရာဝန်တစ်ဦးမှာ နံနက် ၇ နာရီကျော်ခန့်တွင် ဆေးခန်းဖွင့်ရန် ကားထားရာ အရှေ့ကုန်းလမ်းသို့ လာရောက်ခဲ့သည်။
ထိုသို့လာရောက်စဉ် ကားနားအရောက်တွင် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဆရာဝန်၏ လည်ပင်အား ဓားဖြင့်ထိုးကာ ပရိုဘောက်အငှားယာဉ်တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဖြစ်စဉ်အနီးရှိ CCTV မှတ်တမ်းများအရ သိရသည်။
“ မနက် ၇ နာရီခွဲ ဝန်းကျင်လောက်က အမျိုးသမီးလို ဝတ်ဆင်ထားတဲ့ အကျီင်္ပန်းရောင်နဲ့ အမျိုးသားတစ်ဦးက လက်ထဲမှာ ပန်းတွေကိုင်ထားပြီး သွေးတွေနဲ့တွေ့လို့ ရဲစခန်းကို အကြောင်းကြားလို်က်တယ်။ ပြီးတော့ အရှေ့ကုန်းလမ်းထဲက ကားနားမှာ အမျိုးသားတစ်ဦး သွေးတွေနဲ့လဲနေတာတွေ့ရတယ်။ သူက အငြိမ်းစား စစ်ဆရာဝန်တစ်ယောက်ပါ။ တပ်မတော်က အငြိမ်းစားယူပြီး ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားတာပါ” ဟု အဆိုပါလမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် သံသယရှိသူ အမျိုးသား စီးနှင်းခဲ့သည့် ပရိုဘောက်အငှားယာဉ်မောင်းကို ကျောက်တံတား မြို့မရဲစခန်းတွင် စစ်ဆေးလျက်ရှိပြီး တရားခံဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
