ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေမှော်ကျေးရွာရှိ လုံးခင်းတပ်ခွဲ (၃) ကုဋေမှော် အရန်မီးသတ်တပ်ဖွဲ့စခန်း အတွင်းသို့ နိုဝင်ဘာ ၁ ရက်ည ၉ နာရီခန့်က ကိုကျော်ခိုင်ဟု ခေါ်သည့် ရွာထဲမှ အရပ်သားတစ်ဦး ဝင်လာပြီး မကျေနပ်ဘူး ဟုဆိုကာ မီးသတ်တပ်ဖွဲ့မှ ရဲဘော်များဖြစ်သည့် ရဲဘော်ဒီရမ်ဆန်း၊ ရဲဘော်ဒီရမ်ဆား၊ ရဲဘော် မွန်းအောင်ဂျာတို့အား ဓားဖြင့်ဝင်ထိုးရာ ဝင်ရောက်ဆွဲသည့် အရပ်သား နှစ်ဦးဖြစ်သော ကိုတူးမိုင်နှင့် ကိုအောင်မြင့်ဦး တို့ကိုပါ အသင့်ပါလာသောဓားဖြင့် ထိုးခဲ့သဖြင့် ည ၁၁ နာရီ ၄၅ မိနစ်တွင် ကိုအောင်မြင့်ဦးသည် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ညတွင်းချင်း သေဆုံးသွားကြောင်း သတင်းရရှိသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်တွင် လူငါးဦးအား ဓားဖြင့်ဝင်ရောက် ထိုးခဲ့သည့် ကိုကျော်ခိုင် ဆိုသူမှာ ရေမဆေး လောပန်းတစ်ယောက် ဖြစ်ပြီး ၎င်း၏ တပည့်ဖြစ်သူအား မီးသတ်ရဲဘော်များက ကိုဗစ်တားဆီးရေးဂိတ် အဝင်အထွက် ကိစ္စနှင့် စပ်လျဉ်း၍ ဆိုဆုံးမခဲ့ရာတွင် ကျေနပ်မှု မရှိသဖြင့် ဓားကိုင်ကာ မီးသတ်ရဲဘော်များ ထုတ်ပေးရန် ပြောကြားခဲ့ပြီး အသင့်ပါလာသော ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဓားဖြင့်ထိုး နေချိန်တွင် ၎င်းကို ဝင်ရောက် ဆွဲခေါ်ရန် ကြိုးစားခဲ့သည့် တပည့်နှစ်ဦးကိုပါ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ကုဋေမှော်ရွာ အရန်မီးသတ်တပ်ဖွဲ့မှ စာရေးကြီး ကိုဇော်မိုးက ပြောကြားသည်။
“ကိုဗစ်ဥက္ကဋ္ဌကို သွားထိန်းခိုင်းပါတယ်။ အဲဒီရဲ့ ရန်ငြိုးကြောင့် ကျွန်တော်တို့ရုံးကို လာပါတယ်။ သူ့မှာ ဘာမှမပါကြောင်းကို ကျွန်တော်တို့ လင်မယားကို ဘောင်းဘီချွတ်ပြပါတယ်။ ပြီးတော့ ကျွန်တော်တို့ရုံးက ဒီရမ်ဆန်းဆိုတဲ့ ကလေးကို စထိုးပါတယ်။ ကျွန်တော်က ကျွန်တော့်ညီလေးကိုလုပ်လို့ မခံချင်တာနဲ့ ဓားပြေးဆွဲတဲ့ အချိန်မှာ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကို ဆွဲပါတယ်” ဟု မျက်မြင်ဖြစ်သူ ကုဋေမှော်ရွာ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ကြပ် ဦးသက်နိုင်ဦးက ပြောကြားသည်။
ဓားဖြင့်အထိုးခံရသည့် မီးသတ်တပ်ဖွဲ့ဝင် သုံးဦး၊ အရပ်သားနှစ်ဦး၊ စုစုပေါင်း ငါးဦးတွင် မီးသတ်ရဲဘော်များ ဖြစ်သည့် ဒီရမ်၊ မွန်းအောင်ဂျာတို့နှင့် အရပ်သား တစ်ဦးဖြစ်သူ ကိုအောင်မြင့်ဦးတို့မှာ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိစဉ်ကို အောင်မြင့်ဦးမှာ ဓားဖြင့်အထိုးခံရသော ဒဏ်ရာကြောင့် ညတွင်းချင်း သေဆုံးခဲ့ပြီး ကျန်မီးသတ်ရဲဘော်နှစ်ဦး၏ ဓားဒဏ်ရာများသည်လည်း စိုးရိမ်ဖွယ်ရှိနေကြောင်း ဆေးရုံတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
လူသတ်မှုကျူးလွန်သည့် ကုဋေမှော်ရွာ ရပ်ကွက် (၃) ၌ နေထိုင်သူ ကိုကျော်ခိုင်အား ကုဋေမှော်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ခံတပ်ကြပ်ကြီး ဦးရဲထွန်းက တရားလို ပြုလုပ်ကာ လုံးခင်းနယ်မြေခံရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ပြီး လူသတ်မှု ကျူးလွန်သူ ကျော်ခိုင်အား လုံးခင်းနယ်မြေရဲစခန်းက ညတွင်းချင်း ဖမ်းဆီးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
