အောက်တိုဘာလ ၂၆ ရက်က မင်္ဂလာဒုံ မြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၃၄ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါး ၈၉ သိန်း ဖမ်းဆီးမှု မှာ ရန်ကုန်တွင်ထုပ်ပိုးပြီး အခြားနေရာများသို့ တစ်ဆင့်ဆက်ပို့မည့် အခြေအနေများရှိသော ကြောင့် ကွင်းဆက်တရားခံများကို ဖော်ထုတ် ရန်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က အသိ ပေးထုတ်ပြန်သည်။
အဆိုပါမူးယစ်ဆေးဝါး ၈၉ သိန်း (ငွေကျပ် ၅ ဒသမ ၃၄ ဘီလျံ တန်ဖိုးရှိ) ဖမ်းဆီးမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး ၈၉ သိန်းတင် ဆောင်လာသောယာဉ်ကို ရဲတပ်ဖွဲ့အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေအတွင်းကတည်းက ခြေရာခံမိခဲ့ကြောင်း၊ သို့သော် အဓိကတရားခံနှင့် လွှဲပြောင်းလက်ခံလုပ်မည့် ကွင်းဆက်ရရှိရန် ရန်ကုန်အဝင်မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ အဆိုပါဆေးပြားများသည် ရန်ကုန်တွင် ခရီးမဆုံးနိုင်သေးဘဲ ရန်ကုန်တွင် ထိန်းသိမ်းသိုလှောင် ပြင်ဆင်ထုပ်ပိုး၍ တစ် ဆင့်ဆက်ပို့မည့်အခြေအနေများရှိသဖြင့် အခြားနေရာများရှိ ကွင်းဆက်တရားခံများကို ဖော်ထုတ်ရန်ရှိနေကြောင်း၊ ထို့ကြောင့် အချို့ တရားခံ အမည်/နေရပ်များ အများပြည်သူသို့ မဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၆ ရက်နံနက် ၅ နာရီ ခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် အမှတ် (၃) လမ်းမကြီး မိုင်တိုင်အမှတ် (၅) နှင့် (၆) ကြား၌ NISSAN DIESEL အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေစစ် ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် စိုင်းသိန်းနိုင် (ခ)စိုင်းရွှေ နှင့် တင်ဆန်းဦးဆိုသူတို့ နှစ်ဦးအား ကျပ် ၅ ဒသမ ၃၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၉ သိန်းနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။ ထိုသို့ဖမ်းဆီးရမိမှု အား စိစစ်ချက်အရ စိုင်းသိန်းနိုင် (ခ) စိုင်းရွှေ မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က အင်းစိန် မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၄၆၉ သိန်းပြား ဖမ်းဆီးရမိမှုနှင့် ၂၀၁၉ ခုနှစ်၊ မတ် ၃ ရက်က မောင်တောမြို့နယ်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈၇ ဒသမ ၇၅ သိန်းပြား ဖမ်း ဆီးရမိမှုတို့မှ ကွင်းဆက် တရားခံပြေးတစ်ဦး ဖြစ်ကြောင်း၊ ထို့နည်းတူ တင်ဆန်းဦးမှာလည်း ၂၀၁၉ ခုနှစ် မတ် ၂၄ ရက်က ကော့သောင်းမြို့နယ် အနောက်ဘက်ပင်လယ်ပြင်တွင် အိုက် ၁၇၃၇ ကီလို ဖမ်းဆီးရမိမှုမှ ကွင်းဆက်တရား ခံပြေးတစ်ဦးဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော် ပြသည်။
ယင်းကြောင့် ၎င်းတို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
