ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၊ ဂျူဗလီလမ်း ၊ မင်းကုန်းရပ်ကွက်ရှိ မြန်မာလေကြောင်းလိုင်း လက်မှတ်ရောင်းသည့် နေအိမ်၌ (ယနေ့) အောက်တိုဘာ ၃၀ ရက် နံနက် ၁၁ နာရီခန့်က အနုကြမ်းစီးခံရပြီး အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့မှတ်တမ်းများအရ အနုကြမ်းစီး ကျူးလွန်ခဲ့သည့် နေအိမ်အပေါ်ထပ်မှ သမီးဖြစ်သူမှာ ရန်ကုန်မှ ဆွေမျိုးများ ဖုန်းခေါ်ရာတွင် မရသဖြင့် အောက်ထပ်သို့ ဆင်းလာရာတွင် ဖခင်ဖြစ်သူအား မီးခံသေတ္တများ ထားသည့်အခန်းတွင် ပါးစပ်နှင့်တိပ်များပတ်လျက် လဲနေသည်ကို တွေ့ရကြောင်း၊ မိခင်ဖြစ်သူအား လိုက်လံရှာဖွေရာ မိခင်ဖြစ်သူမှာ လက်တွင် တိပ်ဖြင့်ပတ်လျက် ဦးခေါင်းတွင် သွေးများထွက်လျက် လဲနေသည်ကို တွေ့ရကြောင်း၊ ဖခင်အား မေးမြန်းရာတွင် လူသုံးဦးမှ လေယာဉ်လက်မှတ် ရှိသလားဟု မေးမြန်းပြီးနောက် တုတ်နဲ့ရိုက်ကာ မီးခံသေတ္တာအား သော့ဖွင့်ခိုင်း၍ ငွေသား သိန်း ၂၀ ယူဆောင်သွားကြောင်း၊ မီးဖိုချောင်ခန်းအတွင်းမှ မိခင်ဖြစ်သူကိုလည်း ရိုက်နှက်သွားကြောင်း၊ ၄င်းရိုက်နှက်ဒဏ်ရာဖြင့် မိခင်ဖြစ်သူမှာ ဦးခေါင်းနှောက်စေ့ ပြတ်ရှဒဏ်ရာ ၂ ချက် ၊မေးစေ့အောက်ပြတ်ရှ ဒဏ်ရာ တစ်ချက် ရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းနေရာသို့ သွားရောက်ခဲ့သည့် ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူ ဒုရဲမှူးကြီး စိုးမြင့်အောင်က '' အခင်းဖြစ်တာကိုသိတာက ရန်ကုန်က သမီးအကြီးက သမီးအလတ်ကို ဖုန်းဆက်မှ သိတာပေါ့ ။ အိမ်ပေါ်ကနေ အိမ်အောက်ကိုဆင်းမှ ဖခင်ကို တွေ့ရပြီး မိခင်ကိုတော့ နောက်မှ တွေ့ရတာပါ။ပတ်ဝန်းကျင်မှာ တစ်ဖက်မှာ ရုံး၊တစ်ဖက်မှာ အိမ်တွေရှိပါတယ်။အမျိုးသမီးကတော့ ဆေးရုံပို့စဉ်မှာ ဆုံးသွားတယ်။ညနေ ၄ နာရီမှာ စစ်ဆေးတဲ့အခါ ဦးခေါင်းကို တုံးသောလက်နက်နဲ့ အရိုက်ခံရတာပါ။မီးခံသေတ္တာက ငွေသိန်း ၂၀ လောက်ပါသွားတယ်။ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကို စုံစမ်းဆဲဖြစ်ပါတယ်။ ကျနော်တို့ဆီကို သတင်းပို့တာက ၁၁ နာရီ ၂၈ မိနစ်လောက်ဖြစ်ပါတယ်။ဒီဖြစ်စဉ်က စုံစမ်းဆဲဖြစ်လို့ သုံးသပ်ချက်ပေးလို့ မရသေးဘူး။ အမျိုးသားကိုလည်း ဆေးကုသမှုတွေ လုပ်နေပါတယ်။အားလုံးကိုတော့အသေးစိတ် မေးလို့ မရသေးဘူး။ဗန်းမော်မြို့မ ရဲစခန်းမှာ လူသတ်မှု၊နောက်ဆက်တွဲ လုယက်မှုတွေပါ အမှုဖွင့်ထားပါပြီ''ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်ကို သွားရောက်ကြည့်ခဲ့သည့် ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက '' ကလေးမ နှစ်ယောက်က ၁၀ နာရီခွဲလောက်မှာ ဒီမှာ လူသတ်ထားလို့ ကယ်ကြပါအုံးအော်ကြတယ်လို့ သိရတယ်။လေယာဉ်လက်မှတ်ကလည်း မရောင်း၊လူတွေကလည်း တော်တော်ဝင်လို့မရဘူးပေါ့။ခြံထဲရောက်လို့ အမျိုးသားဖြစ်တဲ့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ် ကိုလည်း တိပ်နှင့်ခြေကိုပတ်၊မျက်နှာကို ပတ်ထားတော့ အဲဒါဖြေပြီးမေးမှ လူသုံးယောက်ထိုးကြိတ်ပြီး ရိုက်နှက်ခဲ့တယ်လို့ ဖြေတယ်လို့ သိရတယ်။ အဲဒီနောက် အမျိုးသမီးထမင်းချက်တဲ့ မီးဖိုချောင်ဘက်ဝင်သွားတယ်လို့ သိရတယ်။မီဖိုဆောင်ကလည်း ခပ်လှမ်းလှမ်းရယ်။အမျိုးသားတစ်ဦးက ရှမ်းလွယ်အိတ် လွယ်ထားတယ်လို့ ပြောတယ်''ဟု ပြောကြားသည်။
ယခုဖြစ်စဉ်ပတ်သက်၍ ဗန်းမော်မြို့မ ရဲစခန်းတွင် (ပ)၂၁၂ ၊ရာဇသတ်ကြီး ဥပဒေ ပုဒ်မ လူသတ်မှု ၃၀၂၊လူယက်မှု ၃၉၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
