ငွေကျပ်သိန်းတစ်ရာ့လေးသိန်း အဂတိလိုက်စားမှုဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် အရိုးအထူးကုဆေးရုံအုပ်ကြီးကို ထောင်ဒဏ် လေးနှစ်ကျခံစေရန် တိုင်းတရာလွှတ်တော်မှ အောက်တိုဘာလ ၂၃ ရက်က အမိန့်ချမှတ်ခဲ့သည်။
မန္တလေး အရိုးအထူးကုဆေးရုံအုပ် ဒေါက်တာကြည်လွင်အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က အမှတ် ၁၁ နယ်မြေရဲစခန်းတွင် အမှုလေးခုအတွက် (ပ) ၆၈၆/၂၀၁၉၊ (ပ) ၆၈၈/၂၀၁၉၊ (ပ) ၆၈၉/၂၀၁၉၊(ပ) ၆၉၀/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် မန္တလေးတိုင်းတရားလွှတ်တော်သို့ တရားစွဲတင်ခဲ့ရာ ရာဇဝတ်ကြီးအမှုအမှတ် ၁/၂၀၂၀၊ ၂/၂၀ ၂၀၊၃/၂၀၂၀၊၄/၂၀၂၀ အရလက်ခံခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
"ထောင်ဒဏ်နှစ်နှစ်စီ အသီးသီးကျခံစေရန် အမိန့်ချခဲ့တာပါ။ ရာဇဝတ်ကြီးအမှုအမှတ် ၁/၂၀၂၀ နဲ့ ၃/၂၀၂၀ ကို တစ်ပေါင်းတည်းကျခံစေရန်နဲ့ ရာဇဝတ်ကြီးအမှုအမှတ် ၂/၂၀၂၀ နဲ့ ၄/၂၀၂၀ ကိုလည်း တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချခဲ့ပါတယ်" ဟု မန္တလေးတိုင်းတရားလွှတ်တော်မှ တရားရုံးသတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးနေမျိုးဗိုလ်က ပြောသည်။
ထိုသို့ အမှုတစ်မှုလျှင် နှစ်နှစ်စီကျခံစေရန်ချမှတ်ခဲ့သော်လည်း အမှုနှစ်ခုစီ၏ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံရမည်ဖြစ်သဖြင့် ထောင်ဒဏ်လေးနှစ်သာ ကျခံရတော့မည်ဖြစ်ကာ ချုပ်ရက်များကို ခံစားခွင့်ပြုခဲ့သည်။
မန္တလေးအရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေးလုပ်ငန်း တင်ဒါခေါ်ယူခြင်းနှင့် စပ်ပတ်သက်၍ တင်ဒါရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင်နှစ်ဦးထံမှ ငွေကျပ် သိန်း (၆၀) ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း (၈၀)၊ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို အရိုးအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်မှ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည်။
၎င်းနှင့်အတူ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး (ယခု ဦးစီးအရာရှိ) မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန သည်လည်း အရိုးအထူးကု ဆေးရုံကြီးဝင်းအတွင်း စက်ဘီး၊ ဆိုင်ကယ်အပ်နှံခကောက်ခံခြင်း လုပ်ငန်းနေရာနှစ်ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ် တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကျပ် (၂) သိန်းကိုလည်းကောင်း၊ တင်ဒါကော်မတီဝင်များအား ကန်တော့ရန်ဟုဆိုကာ ငွေကျပ် (၃) သိန်းကိုလည်းကောင်း၊ တင်ဒါအောင်မြင်သူထံမှ ငွေကျပ် (၇) သိန်းခန့်တန်ဖိုးရှိ Camera နှင့် Laptop တို့ကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်ထားပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
