ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)မိုင်အနီးတွင် ခရီးသည်တင်ယာဉ်(၁)စီး တံတားဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှု ဇူလိုင် ၁၀ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ် အချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ ဌာနချုပ်မှ သိရသည်၊
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)မိုင်အနီးတွင် ခရီးသည်တင်ယာဉ်(၁)စီး တံတားဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်း၊ ဘောနီအမြန်လမ်းမီးသတ်စခန်း၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးအရန်မီးသတ်စခန်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း၊သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် ခရီးသည် ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၁)ဦးအနက် ကျား(၂)ဦးနှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး၊ ကျား(၁)ဦး(သေဆုံး) ကြောင်း၊ ကျား(၁)ဦး(သေဆုံး)တို့အား အမြန်လမ်းမကြီးအရေးပေါ်လူနာတင်ယာဉ်နှင့် ဘုရားကြီးအရန်လူနာတင်ယာဉ်တို့ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှသိရသည်၊
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်နှင့် ပတ်သတ်၍ သက်ဆိုင်ရာ မှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
