၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ လက်ရှိအထိ မိုင်းထိပြည်သူတစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် ၆၉၂ ဦးအတွက် မိုင်းထောက်ပံ့ကြေး ငွေကျပ် ၁၃၈၄ သိန်း ထောက်ပံ့ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) တို့ပူးပေါင်း၍ အာဆီယံဒေသတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများထောက်ပံ့ရေးကွန်ရက် တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အထိ မိုင်းထိပြည်သူတစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် ၆၉၂ ဦးအတွက် မိုင်းထောက်ပံ့ကြေးစုစုပေါင်းငွေကျပ် ၁၃၈၄သိန်းတိတိကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် Anti-Personal Mine Ban Convention အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းအန္တရာယ်ဆိုင်ရာလုပ်ငန်းစဉ်တို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် ဆက်စပ်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များသည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ASEAN Regional Mine Action Center (ARMAC) rS Executive Director ဖြစ်သူ Mr. Prum Suonpraseth တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ကြပြီး အစည်းအဝေးသို့သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) မှ တာဝန်ရှိသူများ၊ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများ တက်ရောက်ကြပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအစည်းအဝေး ဒုတိယပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်ကျော်မိုးက ဦးဆောင်၍ Panel Discussion အဖြစ် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကူညီထောက်ပံ့ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အလေ့အထကောင်းများ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း/ကောက်ယူခြင်း၊ ဆေးပညာအရအထူးပြုစုစောင့်ရှောက်ခြင်းနှင့် လက်ရှိစောင့်ရှောက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ လူမှုစီးပွားပေါင်းစည်းဆောင်ရွက်ခြင်း/ပညာရေး၊ ဥပဒေနှင့်မူဝါဒများ ခေါင်းစဉ်တို့ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် (ARMAC) အမှုဆောင်ညွှန်ကြားရေးမှူးတို့က ညှိနှိုင်းအစည်းအဝေးအနှစ်ချုပ်နှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
