နိုင်ငံ၏အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာကိုထိပါးသောသုံးနှုန်းမှုများပါဝင်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အတည်ပြုခဲ့သော အဆို(မူကြမ်း)တစ်ရပ်အား ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဂျီနီဗာမြို့၌ ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်မှ ဇူလိုင် ၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀)မြောက် ပုံမှန်အစည်းအဝေးကာလတွင် မြန်မာနိုင်ငံအတွက် အထောက်အကူမဖြစ်သောဆွေးနွေးပွဲများစွာ ကျင်းပခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ယင်းဆွေးနွေးပွဲများတွင် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)မှ တင်သွင်းခဲ့သောဆုံးဖြတ်ချက်အဆိုအရ ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်တွင် ကျင်းပခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ နှုတ်ဖြင့်အစီရင်ခံချက်အပေါ် အပြန်အလှန်ဆွေးနွေးပွဲနှင့် ဇွန် ၁၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့်အခြားလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ ဖြစ်ပွားစေသည့် အကြောင်းရင်းများခေါင်းစဉ်ပါ ဆွေးနွေးပွဲနှင့်ဥရောပသမဂ္ဂ (အီးယူ)မှ တင်သွင်းခဲ့သောဆုံးဖြတ်ချက်အဆိုအရ ဇွန် ၂၉ ရက်တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ၏နှုတ်ဖြင့်အစီရင်ခံချက်အပေါ်အပြန်အလှန်ဆွေးနွေးပွဲတို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် OIC ကတင်သွင်းသော မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို ဇူလိုင် ၇ ရက်တွင် လူ့အခွင့် အရေးကောင်စီက အတည်ပြုချမှတ်ခဲ့ကြောင်း၊ လူ့အခွင့်အရေးကောင်စီသည် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညိနှိုင်းဆွေးနွေးခြင်းမူများကို ဆန့်ကျင်၍ သက်ဆိုင်ရာနိုင်ငံပါဝင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂျီနီဗာမြို့ ရှိမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ယင်းဆွေးနွေးပွဲအသီးသီးနှင့်ဆုံးဖြတ်ချက်အဆိုတို့အပေါ် တု့ံပြန်ကန့်ကွက်ချက်များအား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုသို့ လူ့အခွင့်အရေးကောင်စီ၏အထက်ပါအပြုအမူများကိုကြည့်ခြင်းဖြင့် လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ အတူတကွ နေထိုင်သည့် မြန်မာနိုင်ငံရှိပြည်သူများအကြား လူ့အခွင့်အရေးအရေခြုံ၍ စိတ်ဝမ်းကွဲပြားမှုများနှင့် မယုံကြည်မှုများဖြစ်ပေါ်စေရန် ရွေးချယ်ပစ်မှတ်ထားနေသည့် အတိုင်းအတာကို ထင်ရှားစေကြောင်း၊ လူ့အခွင့်အရေးကောင်စီကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆို ကိုယ်တိုင်ကပင် မမှန်ကန်သော စွပ်စွဲချက်များ၊ နိုင်ငံရေးနှင့်ဘာသာရေးသက်ဝင်သောအသုံးအနှုန်းများဖြင့် အမုန်းတရားဖြစ်ပေါ်စေကြောင်း၊ ယင်းဆုံးဖြတ်ချက်အဆိုနှင့် ဆွေးနွေးပွဲများသည် ၂၀၁၇ ခုနှစ်တွင် လူအများအပြားနေရပ်စွန့်ခွာမှု ဖြစ်ပေါ်စေခဲ့သည့် အကြမ်းဖက်မှုများကိုလည်းကောင်း၊ ကော့ဘဇားရှိ စခန်းများတွင်လှုပ်ရှားနေသောအာဆာ (ခေါ်) အာကွာမူမူဂျာဟီဒင်ဆိုသည့်အဖွဲ့က နေရပ်ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို လိုလားသူများအား ဆက်လက်သတ်ဖြတ်နေမှုများကိုလည်းကောင်း ဖုံးကွယ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်ကိုက်ညီသူများကို လူမျိုးဘာသာမခွဲခြားဘဲ သင့်လျော်သည့်နိုင်ငံသားအဆင့်အတန်းပေးလျက်ရှိကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏ဥပဒေနှင့် သမိုင်းကြောင်း မှတ်တမ်းများတွင်မရှိခဲ့သည့် ဖန်တီးထားသော ရိုဟင်ဂျာအသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း ထပ်လောင်းဖော်ပြအပ်ကြောင်း၊ ထိုကဲ့သို့ အသုံးအနှုန်းသုံးစွဲမှုကိုလည်း ပြင်းထန်စွာကန့်ကွက်ကြောင်းဖော်ပြအပ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်သည်။
လူ့အခွင့်အရေးကောင်စီသည် ၎င်း၏မူဝါဒများနှင့် ရည်ရွယ်ချက်များကို လိုက်နာခြင်းမရှိတော့ဘဲ နိုင်ငံအချို့၏ ထိန်းချုပ်ခြင်းခံရကာနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် ၎င်းတို့လိုလားသည့်လမ်းကြောင်းအတိုင်း ဖြစ်ပေါ်စေရန်ဆောင်ရွက်သည့် စင်မြင့်တစ်ရပ်ဖြစ်လာသည်ကို စိတ်အနှောင့်အယှက်ဖြစ်ဖွယ်တွေ့ရကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အထက်ပါကိစ္စများ ဆောင်ရွက်ရန် လူ့အခွင့်အရေးကောင်စီကဆုံးဖြတ်ခဲ့သည်ကို မြန်မာနိုင်ငံက ထပ်လောင်း ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် စာရွက်စာတမ်းအမှတ် A/HRC/50/L.21 ပါဆုံးဖြတ်ချက်အဆို(မူကြမ်း)ကို အတည်ပြုချမှတ်ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိဘဲ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုထိပါးသောအသုံးအနှုန်းများ ပါဝင်သည့် အဆို(မူကြမ်း)တစ်ခုလုံးကို ကန့်ကွက် ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
