ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်စျေးနှုန်းများ မြင့်တက်လာကြောင်း မော်တော်ယာဉ်စျေးကွက်အတွင်းမှ သိရသည်။
ယခင်က ကျပ်သိန်း သုံးရာကျော်သာရှိခဲ့ သည့် ဆူဇူကီးအာတီဂါအမျိုးအစားမှာ လက်ရှိတွင် ကျပ်သိန်းခြောက်ရာကျော်သို့ ရောက်ရှိခဲ့သည်။
အခြားအမျိုးအစားများဖြစ်သည့် ဟွန်ဒိုင်း Assent ကဲ့သို့အမျိုးအစားမှာ မူလက ကျပ်သိန်း ၃၀၀ ကျော်သာရှိခဲ့ရာမှ ကျပ်သိန်း ငါးရာကျော်အထိ မြင့်တက်ခဲ့သည်။
“ SKD တွေက စျေးတက်လာတယ်။ စျေးကွက်ရှိတဲ့ ဆူဇူကီးကတော့ သူများထက် စျေး ပိုတက်တယ်” ဟု ပြည်တွင်းမော်တော်ယာဉ် စျေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။
ပြည်တွင်း SKD စျေးကွက်တွင် ဂျပန်၊ ကိုရီးယား၊ တရုတ် စသည့်နိုင်ငံများမှ မော်တော် ယာဉ်အမှတ်တံဆိပ်များမှာ စျေးကွက်ဝေစု များ ရရှိထားသည်။
ဒေါ်လာ မရရှိမှု၊ စက်ပစ္စည်းတင်သွင်းမှု မရရှိခြင်းများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်သည့် မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံ များမှာ လတ်တလောတွင် အခက်အခဲများရင် ဆိုင်နေရသည်။
“စက်ရုံကတော့ အခုထိပိတ်တယ်လို့ မ ကြေညာသေးပါဘူး။ ထုတ်လုပ်မှုအပိုင်းမှာ ထုတ်စရာပစ္စည်းက မရှိသလောက်ဖြစ်နေ တယ်။ ပစ္စည်းမရဘူးဆိုရင်တော့ ဆက်မထုတ်နိုင်တော့ဘူး” ဟု SUZUKI (MYANMAR) MOTOR CO.,ltd မှ Managing Officer ဦးမျိုးမင်းထွန်းက The Daily Eleven သတင်း စာသို့ ပြောကြားထားသည်။
နိုင်ငံခြားငွေ မရရှိမှု၊ စက်ပစ္စည်းတင် သွင်းခွင့်အခက်အခဲများကြောင့် ပြည်တွင်း ထုတ်လုပ်တပ်ဆင်သည့် ကားစက်ရုံများမှာ လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသကဲ့သို့ ယင်းမော်တော်ယာဉ်များကို ပြသရောင်း ချသည့် ကိုယ်စားလှယ်များမှာလည်း ရပ်တည်ရန်ခက်ခဲလာကြောင်း သိရသည်။
“အသုံးပြုပြီး Ciaz, Swift, Ertiga, Carry ကားများပြန်လည်ရောင်းချလိုပါက Suzuki KL Seven ရွာမကွေ့ Showroom သို့ ဆက်သွယ်လာရောက်ရောင်းချနိုင်ပါတယ်ခင်ဗျာ။ ဘဏ်ငွေမကြေသေးလဲ ဘဏ်သို့ပေးရန် ကျန် ရှိငွေများအားပေးသွင်းပေးပြီး ပိုငွေအား ယာဉ်ပိုင်ရှင်သို့ပြန်ပေးပြီး ဝယ်ယူပေးပါတယ်။ မည် သည့် Showroom ကဝယ်ထားတဲ့ကားဖြစ်ဖြစ် Suzuki ကားဆို ပြန်လည်ဝယ်ယူပေးပါမယ်ဗျ” ဟု Suzuki KL Seven မှ ကိုကြည်သာဟန်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။
မော်တော်ယာဉ် Showroom ဖွင့်လှစ် ထားသူများမှာလည်း ယာဉ်အသစ်ဝယ်သူများကို သတ်မှတ်ချိန်အတွင်း မော်တော်ယာဉ်မပေးနိုင်မှုမှာ ကြီးမားသည့်အခက်အခဲတစ်ခုဟု ဆို ရမည်ဖြစ်ပြီး ယင်းကြောင့် မော်တော်ယာဉ်အဟောင်းများကိုဝယ်ယူကာ ပြန်လည်ရောင်းချ ပေးနေရသည့် အခြေအနေလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
