ရေးမြို့နယ် အာယုတောင်ကျေးရွာတွင် ဇူလိုင်လ ၆ ရက် ညပိုင်းက မောင်းတင်ထား သည့်သေနတ်လွယ်ထားသူ ခြေချော်ကျရာမှ ကျည်ပေါက်ထွက်ပြီး တခြားတစ်ဦး ကျည် ထိမှန်သေဆုံးခဲ့မှုဖြစ်ပွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဖြစ်စဉ်မှာ အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ လက်ထောက်တစ်ဦးဖြစ်သူ ဦးအောင်ဝင်းကိုဆိုသူမှာ အုပ်ချုပ်ရေးမှူး ရုံးသို့ မလာဘဲ ပျက်ကွက်နေသည့်အတွက် တခြားလက်ထောက်နှစ်ဦးဖြစ်သည့် ဦးလေး (ခ) အလေးနှင့် အချွန်း ဆိုသူတို့နှစ်ဦးမှာ ဦးအောင်ဝင်းကိုအားသွားရောက်ခေါ်ဆောင်ရာမှ ယင်းသို့ ဖြစ်ပျက်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
၎င်းင်းကဆက်လက်ပြီး “ဖြစ်သွားတာက အာယုတောင်ကျေးဖြစ်သွားတာ။ ဦးလေး (ခ) အလေးနဲ့ အချွန်းတို့နှစ်ဦးက ဦးအောင် ဝင်းကိုကိုသွားခေါ်တာ၊ ဦးလေး (ခ) အလေး က သေနတ်ယူသွားတယ်။ အဲ့ဒါ ရွာ အနောက်ပိုင်း ဘုန်းကြီးကျောင်းအနီးမှာ ဦးလေး (ခ) အလေးက ခြေချော်ကျပြီးလဲကျတဲ့အချိန်မှာ သေနတ်က ကျည်ထိုးထားတော့ ကျည်ပေါက် ထွက်သွားပြီး အချွန်းကိုသွားမှန်တာ။ အချွန်းက ပွဲချင်းပြီးပဲ သေဆုံးသွားတယ်” ဟု ပြောကြားသည်။
သေဆုံးခဲ့သူ အချွန်းမှာ အသက် ၃၀ နှစ်ခန့်ရှိပြီး အာယုတောင်ကျေးရွာ ရပ်ကွက် (၂) တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူရုံးတွင် ရုံးပိုင်းလခစား အနေဖြင့် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
