မလေးရှားထီပေါက်သည့် မြန်မာအလုပ်သမား၏ ထီဆုငွေရင်းဂစ်တစ်သိန်းနီးပါးကို မလေးရှား အလုပ်ရှင်က သိမ်းဆည်းမှုဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား) အသင်းထံမှ သိရသည်။
မလေးရှားတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သား မောင်မောင်မျိုးမှာ မလေးရှားထီပေါက်ခဲ့ကြောင်း၊ ဆုငွေမှာ ရင်းဂစ် တစ်သိန်းနီးပါးရရှိကြောင်း၊ ယင်းငွေကြေးများကို အလုပ်ရှင်က မောင်မောင်မျိုးကို ရင်းဂစ်သုံးသောင်းသာပေးပြီး ကျန်ငွေများကို သိမ်းယူခဲ့ခြင်းဖြစ်သည်။
“မလေးရှားနိုင်ငံ Raub Pahang နေ မြန်မာနိုင်ငံသား ရခိုင်ညီငယ်မောင်မောင်မျိုးသည်လေးလုံးထီ (အပြင်ဒိုင်)မှ ပထမဆုအား,အကြီး ၁၈-အသေး ၁၅ ပေါက်ရာ မလေးငွေ တစ်သိန်းနီးပါးရရှိခဲ့သော်လည်း အလုပ်ရှင်သူဌေးမှ အကုန်ထုပ်ယူ၍ ရင်းဂစ် (၁) သောင်းကိုလည်းသူတို့ပေးရမည်ဆိုပြီး အနိုင်ကျင့်၍ယူထားခဲ့ပါတယ်။ ကျန်ငွေရင်းဂစ် ကိုးသောင်းကိုလည်း သုံးသောင်းသာပေးပြီး ကျန်ခြောက်သောင်းကိုမပေးပဲ အနိုင်ကျင့်ယုတ်မာခဲ့ကြပါတယ်” ဟုအဆိုပါအသင်းက ထုတ်ပြန်သည်။
ယင်းကြောင့် ထီပေါက်သူမှ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား) အသင်းထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း၊ ယင်းကြောင့် သွားရောက်ကူညီခဲ့ရာ ထီဆုကြေးငွေများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
“ကေအယ်(ကွာလာလမ်ပူ)နဲ့ (၂)နာရီကျော်ဝေးတဲ့ ထီပေါက်သူထံအရောက်သွားတဲ့အခါမှာတော့ သူဌေးက ကျွန်တော်တို့အဖွဲ့အား အပြင်ကိုထွက်မကြည့်ပဲ CCtvမှကြည့်နေခဲ့ပြီး သူဌေးလင်မယားနှစ်ယောက် ဝေ့လည် ကြောင်ပတ်နဲ့ ရင်းဂစ် (၅)သောင်းအားပေးခဲ့ပါတယ်။ ကျန် တစ်သောင်းကိုလည်း နောက်ရက် အပြီးပေးပါမည် အကြောင်းပြောခဲ့ကြပါသည်။ ထီပေါက်သူညီလေးလည်း ဝမ်းသာပြီး ရရှိတဲ့ငွေများကိုလည်း မြန်မာနိုင်ငံလွဲပေးရန်အတွက် ကူညီပေးခဲ့ကြပါသည်” ဟု နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင် အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က ထုတ်ပြန်သည်။
ထီပေါက်သူမှ ကူညီပေးခဲ့သည့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)သို့ ရင်းဂစ် သုံးထောင်ပြန်လည်လှုဒါန်းခဲ့ကြောင်း၊ ယင်းငွေများကို ပရဟိတများလုပ်ဆောင်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
