မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိနေသည့် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးအား သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှု ဇူလိုင် ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်းနှင့် ၅၅လမ်းကြား၊ ၁၀၈ဘီ လမ်းရှိ နေအိမ်တစ်ခုတွင် နံနက်ရနာရီခွဲခန့်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တပ်မတော်မှဗိုလ်ကြီးအဆင့်အရာရှိတစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူပြီးနောက် မိဘဖြစ်သူ နေအိမ်ထံ အနားယူရန်ပြန်လည်ရောက်ရှိနေစဉ် ယခုကဲ့သို့ ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
၎င်းသည် နေအိမ်ရှေ့တွင်ထိုင်နေစဉ် လူတစ်ဦး အိမ်ထဲသို့ဝင်လာပြီး သေနတ်ဖြင့်လေးချက် ပစ်ခတ်သွားခဲ့ရာ အဆိုပါဗိုလ်ကြီး၏လက်ဝဲဘက်ပေါင်တွင် ပေါက်ဝင်ဒဏ်ရာရရှိပြီး မစိုးရိမ်ရဘဲ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
