ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၂ တွင် ကွန်တိန်နာ ရွှေ့ပြောင်းတင်ဆောင်ရာတွင် ကရိန်း(၂)စီးဖြင့် ဝန်ချီတင်ဆောင်စဉ် အမျိုးသားလေးဦးဓာတ်လိုက်ခဲ့ပြီး တစ်ဦးသေဆုံးမှု ဇူလိုင် ၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၈ ရက် ၊ နံနက် ၁၁ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၂ တွင် ကွန်တိန်နာ ရွှေ့ပြောင်းတင်ဆောင်ရာတွင် ကရိန်း(၂)စီးဖြင့် ဝန်ချီတင်ဆောင်စဉ် အမျိုးသားလေးဦးဓာတ်လိုက်ကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်။
“စက်မှုဇုန်ထဲ အမျိုးသားလေးဦး ဓာတ်လိုက်တယ်ဆိုပြီး အသင်းဆီကို ဖုန်းဝင်လာလို့ သွားတာပါ။ရောက်တော့ လေးယောက်လုံးက ဓာတ်လိုက်ပြီး လဲနေတာ။ဖြစ်တာက ကရိန်းနဲ့ ကွန်တိန်နာ ရွှေ့ပြောင်းတင်နေတာ။အဲအချိန်မှာ ဓာတ်လိုက်တယ်သိရတယ်” ဟု အခင်းဖြစ်ပွားရာသို့သွားရောက်ခဲ့သည့် We Love Care Burma - လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
We Love Care Burma - လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း ကား(၁)စီး၊ ကနောင်ရှင်ရေးနာရေးကူညီမှုအသင်း (ဒညင်းကုန်းအိမ်ယာ) (၁)စီး၊ အမှတ်(၁)ရပ်ကွက်မှ အောင်မေတ္တာလူမှုကူညီရေးအသင်း (၁)စီး တို့ဖြင့် လူနာ (၄)ဦးအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ တစ်ဦးမှာ ဆေးရုံသို့အရောက်တွင် သေဆုံးသွားခဲ့ကြောင်း၊ ကျန်သုံးဦးအနက် တစ်ဦးမှာ စိုးရိမ်ရအခြေအနေဖြစ်ကြောင်း သိရသည်။
“တစ်ယောက်က ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားပါတယ်။ကျန်သုံးယောက်မှာ တစ်ယောက်က စိုးရိမ်ရပါတယ်။ဆုံးတဲ့တစ်ယောက်က ယာဉ်မောင်းလို့ သိရတယ်”ဟု အခင်းဖြစ်ပွားရာသို့သွားရောက်ခဲ့သည့် We Love Care Burma - လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
ဓာတ်ပုံ - We Love Care Burma - လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
