ရေးမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၃ ရက် ည ပိုင်းက အမျိုးသမီးငယ်တစ်ဦး၏ လည်ပင်းကို ဓားဖြင့်လှီးကာ ဆိုင်ကယ်၊ ပိုက်ဆံအိတ်၊ လက် ကိုင်ဖုန်းနှင့် ဆွဲကြိုးတို့အား လုယက်သွားသူ အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် ညနေ ၆ နာရီ ခန့်က အဆိုပါအမျိုးသမီးနှင့် ရင်းနှီးသူ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် နေထိုင်သည့် ရာဇာထွန်းဆိုသူက ရေးမြို့မှ သံဖြူဇရပ်မြို့ ဘက်သို့အထွက်ရှိ ထက်ထက်စက်သုံးဆီဆိုင် အနီးသို့ ဆိုင်ကယ်ဖြင့် ပို့ဆောင်ခိုင်းခဲ့ကြောင်း၊ ရာဇာထွန်းအား ပို့ဆောင်ပေးပြီး အပြန်တွင် ရာဇာထွန်းက အမျိုးသမီးငယ်၏ လည်ပင်း အား ဓားဖြင့်လှီးကာ ဆိုင်ကယ်၊ ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းနှင့် ဆွဲကြိုးတို့အား ယူဆောင် ကာ ထွက်ပြေးသွားကြောင်းနှင့် အမျိုးသမီး ငယ်အား ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးနိုင် ခဲ့သည့်အတွက် အသက်အန္တရာယ်မစိုးရိမ်ရ တော့ကြောင်း အဆိုပါ အမျိုးသမီးငယ်၏ မိ သားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ရာဇာထွန်းကို ဇူလိုင် ၅ ရက်မှာ လမိုင်းမြို့မှာ ဖမ်းဆီးရမိခဲ့ တယ်လို့ သိရတယ်။ ဆိုင်ကယ်ကိုတော့ မြ၀ တီမြို့မှာ သွားရောင်းလိုက်တယ်လို့ ပြော တယ်။ ကျန်တာကိုတော့ စစ်ဆေးနေတုန်းပဲလို့ သိရပါတယ်” ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရာဇာ ထွန်းအပေါ် ရေးမြို့မရဲစခန်းတွင် အမှုဖွင့်အ ရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
