မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ တစ်သန်း ကျော်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး OCHA Myanmar က ထုတ်ပြန်ဖော်ပြခဲ့သည်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြား၌ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပဲခူးတိုင်းဒေသကြီး (အရှေ့ ပိုင်း) ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာ မှ လူပေါင်း ၅၄၀၀ ကျော် အိုးအိမ်စွန့်ခွာထွက် ပြေးတိမ်းရှောင်ခဲ့ရပြီး ဇွန်လလယ်မှစတင်ပြီး တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် မှ လူ ၃၀၀၀ ကျော်မှာလည်း အနီးနားရှိ သစ် တောများနှင့် ဘေးကင်းလုံခြုံသည့်ဒေသများ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ကယား ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူ ၄၀၀၀ ကျော်သည် လွိုင်ကော်နှင့် ဒီးမော့ဆို မြို့နယ်များရှိ ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ယင်းထုတ် ပြန်ချက်၌ ဖော်ပြထားသည်။
ဇွန် ၂၇ ရက်အထိ ကုလသမဂ္ဂကိန်းဂ ဏန်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဖြစ် စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့်မလုံ ခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၅၈၀၀၀ ဦးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း တွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေမှာ စုစုပေါင်း တစ်သန်းကျော်ရှိလာ ကြောင်းနှင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စ တင်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တစ်နံတစ်လျားတွင် ခရစ်ယာန်ဘုရားကျောင်း နှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် အရပ်သား နေအိမ်အနည်းဆုံး ၁၉၃၅၀ လုံး ဖျက်ဆီးခံခဲ့ ရကြောင်း OCHA Myanmar က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
