ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ထားသည့် ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်း၏ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲကို သြဂုတ်၂၈ ရက်က ရန်ကုန်မြို့ရှိ Park Royal ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး မြေပုံရေးဆွဲရေး လုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသော မြေပုံရေးဆွဲရေးစီမံကိန်း၏ နောက်ဆုံးအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ကြောင်း သိရသည်။
“ဒီနေ့ဟာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွက် မြေပုံရေးဆွဲရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီး အောင်မြင် အထမြောက်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ သူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့နေရာမှာ ရန်ကုန်တိုင်းကို Mapping ရေးဆွဲပေးဖို့အတွက် တင်ပြခဲ့တဲ့အပေါ်ကနေ ထွက်ပေါ်လာခဲ့တဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒီထွက်ပေါ်လာမှုကနေ မြန်မာနိုင်ငံမှာရှိတဲ့ JICA နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြို့တော် စည်ပင်သာယာနဲ့ကြားမှာ ပူးပေါင်းပြီး ဒီအစီအစဉ်ကို စတင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဌာနဆိုင်ရာအားလုံးရဲ့ ပူးပေါင်းပါဝင် ကူညီမှုနဲ့သာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ထို့ပြင် လုပ်ငန်းစဉ်ကို ဂျပန်-မြန်မာ နှစ်ငံကြားတွင် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနီးနီးကပ်ကပ်ဖြင့် အချိန်တိုအတွင်း အောင်မြင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းဆောင်ရွက်မှုအပေါ်တွင် မြို့တော် စည်ပင်သာယာဘက်မှ သတင်းအချက်အလက်များ၊ မြေစာရင်းဦးစီးဌာနဘက်မှ ရရှိခဲ့သော အချက်အလက်များ၊ ဆိပ်ကမ်း အာဏာပိုင်များနှင့် အဆင့်ဆင့်သော ဌာနဆိုင်ရာ အားလုံး၏ ပူးပေါင်း ကူညီမှုများအပေါ်မှ ရရှိခဲ့ကြောင်း၊ မြို့တော်နယ်နိမိတ်အတွင်းတွင် မြို့တော် စည်ပင်သာယာဘက်မှ သတင်းအချက်အလက်များရရှိခဲ့ပြီး စည်ပင်သာယာ နယ်နိမိတ်ဆိုရင် တိုင်းဒေသကြီး စည်ပင်သာယာ၏ အချက်အလက်များဖြင့် ယင်းအစီအစဉ်တွေကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အခုဆိုရင် မြေပုံရေးဆွဲရေး စီမံကိန်းကြီးသည် ပြီးဆုံးပြီဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာသို့ လွှဲအပ်သွားမှာ ဖြစ်ကြောင်း၊ သို့သော်လည်း ယင်းလုပ်ငန်းစဉ်အား ဌာနဆိုင်ရာအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ရှေ့ဆက် လုပ်ဆောင်ရန်များစွာ ကျန်ရှိနေသေးသည်ဟု မိမိအနေဖြင့် ပြောကြားလိုကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ Deputy Chief Missiom Mr.Toru Maeada နှင့် JICA Myanmar Office ဌာနေ ကိုယ်စားလှယ်အရာရှိချုပ် မစ္စတာ မာစယူကိကာရဆာဝါတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်း (CORS) စာအုပ်အား လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် JICA မှ တာဝန်ရှိသူများ၊ စည်ပင်သာယာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
